မောက်မယ်မြို့နယ်၌ (၄၂)ကြိမ်မြောက် ပရိယတ္တိသာသနပါဒကစာပွဲတော် အောင်လက်မှတ်ဆက်ကပ်ပွဲအခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မောက်မယ်မြို့နယ်၌ (၄၂)ကြိမ်မြောက် ပရိယတ္တိသာသနပါဒကစာပွဲတော် အောင်လက်မှတ်ဆက်ကပ်ပွဲအခမ်းအနား ကျင်းပ




မောက်မယ် ၊  မေ ၃၀


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ပရိယတ္တိသာသနပါဒကကျောင်းကြီးစာသင်တိုက်၌ (၄၂)ကြိမ်မြောက် ပရိယတ္တိသာသနပါဒက စာပွဲတော် အောင်လက်မှတ်ဆက်ကပ်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် (၁)နာရီက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ အခမ်းအနားသို့ တက်ရောက်လာကြသော ဆရာတော်သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်များက နမောတဿသုံးကြိမ်ရွတ်ဆို ပူဇော်ဘုရားကန်တော့ဖွင့်လှစ်ပြီး မွေတော်စန့်မနွဲ့ ကျောင်းဆရာတော်ဘဒ္ဒန္တပညာဇောတထံ ငါးပါးသီလခံယူဆောက်တည်၍ (၄၂)ကြိမ်မြောက် ပရိယတ္တိသာသနပါဒက စာမေးပွဲအောင်မြင်တော်မူကြသည့် သံဃာတော်ရှင်သာမဏေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်၊ အလှူရှင်များက အောင်လက်မှတ်နှင့် အောင်ဆုချီးမြှင့်ဆက်ကပ်တော်မူပြီး ကြွရောက်လာကြသော သံဃာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များချီးမြှင့်ခြင်း၊ အလှူရှင်များက လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်းများဆောင်ရွက်ပြီး ရေစက်သွန်းချအမျှပေးဝေခဲ့သည်။ ဆက်လက်ပြီး အခမ်းအနားသို့ ကြွရောက်လာကြသော ဆရာတော်သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်များက ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။


ပရိယတ္တိသာသနပါလစာမေးပွဲကို မေလ(၂၄)ရက်နေ့မှ (၂၈)ရက်နေ့အထိ ပရိယတ္တိသာသနပါဒက ကျောင်းကြီးစာသင်တိုက်၌ စာမေးပွဲကြီးကြပ်ရေးဆရာတော်များအဖွဲ့ ဖွဲ့စည်း၍ စနစ်တကျ ကျင်းပပြုလုပ်ခဲ့ရာ စာပွဲတော်တွင်  တတိယတန်း (၁)ပါး၊  ဒုတိယတန်း (၁၄)ပါး၊ ပထမတန်း (၇)ပါး၊ မူလတန်း (၄၅)ပါး၊ ခွင့်ပြုကြီး (၈၀)ပါးနှင့် ခွင့်ပြုငယ် (၇၃)ပါး စုစုပေါင်း ရှင်သာမဏေ (၂၁၆)ပါးတို့က ဝိနိယဘာသာ၊ သဒ္ဒါဘာသာ၊ ကစ္စည်းသဒ္ဒါဘာသာ၊ အဘိဓမ္မတ္ထသင်္ဂဟဘာသာ၊ ပရိယတ္တိဘာသာ၊ မာတိကာဓာတုကထာဘာသာနှင့် အဘိဓာန်အလင်္ကာဆန်းဘာသာများအား ဝင်ရောက်ဖြေဆို အောင်မြင်ခဲ့ကြောင်း သိရသည်။


စိုင်းမျိုးသန့်(မောက်မယ်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)