မိတ္ထီလာ၊ မေ ၂၂
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံလမ်းညွှန်မှုဖြင့် ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် မိတ္ထီလာခရိုင် / မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော မြို့နယ်အတွင်းရှိ သံဃာတော် ၁၀၈ ပါးတို့အား ဆွမ်း၊ ဆွမ်းဟင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့နံနက် ၆ နာရီအချိန်က မဟာဓမ္မရာဇိက ရွှေမြင်တင်စေတီတော်ရင်ပြင်ပေါ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံလမ်းညွှန်မှုဖြင့် ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် မိတ္ထီလာခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော မြို့နယ်အတွင်းရှိ သံဃာတော် ၁၀၈ ပါးတို့အား ဆွမ်း၊ ဆွမ်းဟင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် မိတ္ထီလာမြို့ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ ပါဠိတက္ကသိုလ်ဥယျာဉ်ပရိယတ္တိ ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တသူရိယထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ်တော်မူအပ်သော ပရိတ်တရားတော်များကို နာယူကြည်ညိုခဲ့ကြသည်။ ၎င်းနောက် ဆရာတော်သံဃာတော်အရှင်သူမြတ်များထံ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး မိတ္ထီလာမြို့ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ ပါဠိတက္ကသိုလ် ဥယျာဉ်ပရိယတ္တိ ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တသူရိယထံမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအနုမောဒနာတရားနာယူကြည်ညိုခဲ့ကြသည်။
ယင်းနောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံလမ်းညွှန်မှုဖြင့် ကဆုန်လပြည့် (ဗုဒ္ဓနေ့)တွင် မိတ္ထီလာခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော မြို့နယ်အတွင်းရှိ သံဃာတော် ၁၀၈ ပါးတို့အား ဆွမ်း၊ ဆွမ်းဟင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဆက်လက်ကျင်းပရာ မိတ္ထီလာခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးဇော်ဇော်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများက ဆရာတော်သံဃာတော် ၁၀၈ ပါးတို့အား ဆွမ်း၊ ဆွမ်းဟင်းနှင့် ဆွမ်းဆန်စိမ်းတို့ကို လောင်းလှူခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)
Join - https://t.me/MyanmarNationalPost


No comments:
Post a Comment