စဉ့်ကိုင်မြို့နယ်တွင် ဆရာတော်/သံဃာတော်(၁၀၈)ပါးအား ဆွမ်း/ ဆွမ်းဟင်း၊ ဆွမ်းဆန်စိမ်း၊ လှူဖွယ်ပစ္စည်းများနှင့် န၀ကမ္မ၀တ္တုငွေများ‌ လောင်းလှူပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကိုင်မြို့နယ်တွင် ဆရာတော်/သံဃာတော်(၁၀၈)ပါးအား ဆွမ်း/ ဆွမ်းဟင်း၊ ဆွမ်းဆန်စိမ်း၊ လှူဖွယ်ပစ္စည်းများနှင့် န၀ကမ္မ၀တ္တုငွေများ‌ လောင်းလှူပွဲ အခမ်းအနားကျင်းပ


စဉ့်ကိုင်၊ မေ ၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့၏ ဦးဆောင်မှုဖြင့် ၁၃၈၆ခုနှစ် ကဆုန်လပြည့်နေ့(ဗုဒ္ဓနေ့)၊ မေလ (၂၂)ရက်‌နေ့ နံနက်(၆)နာရီက  တရုတ်စုရပ်ကွက်ရှိ တိုက်ကျောင်း(ပရိယတ္တိစာသင်တိုက်)အတွင်း၌ မြို့နယ်အတွင်းရှိ  ဆရာတော်/ သံဃာတော်(၁၀၈)ပါး တို့အား  ဆွမ်း/  ဆွမ်းဟင်း၊  ဆွမ်းဆန်စိမ်း၊ လှူဖွယ်ပစ္စည်းများနှင့် န၀ကမ္မ၀တ္တုငွေများ‌ လောင်းလှူပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ လှူဒါန်းပွဲအခမ်းအနားတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်၊ အဖွဲ့၀င်(၁)ဗိုလ်မှူးပြည့်ဖြိုးအောင်နှင့်အဖွဲ့၀င်များ၊  တပ်ရင်းတပ်ဖွဲ့မိသားစုများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ၀န်ထမ်းများ၊ မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး‌စောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများစုပေါင်း၍ ဆွမ်း/ဆွမ်းဟင်း၊ ဆွမ်းဆန်စိမ်း၊ လှူဖွယ်ပစ္စည်းများနှင့် န၀ကမ္မ၀တ္တုငွေများ စုစုပေါင်းတန်ဖိုးကျပ်(၄၄၅၁၀၀ဝိ/-)  လှူဒါန်းခဲ့ကြောင်း သိရသည်။                                                                                                       


ကျော်စွာ

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)