ကျောက်တံတားမြို့နယ်တွင် စာပေချစ်သူများစုပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်တံတားမြို့နယ်တွင် စာပေချစ်သူများစုပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကျင်းပ

ကျောက်တံတား  ၊  မေ  ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်လေအန်ကုန်းစာပေရပ်ဝန်း၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအဖွဲ့(Book Club)တို့ပူးပေါင်း၍ စာဖတ်ရှိန်မြင့်မားစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်(၁၂)နာရီအချိန်က ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းအောက်လမ်းရှိ ပညာ့အလင်းခေတ်မီစာကြည့်တိုက်၊ Community  Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် မြို့နယ်ဦးစီးမှူးဦးရဲနောင်ချစ်က စာဖတ်ဝိုင်းများကျင်းပရခြင်းနှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြားကာ တက်ရောက်လာကြသူများက စာရေးဆရာချစ်နိုင်(စိတ်ပညာ)၏ လူငယ်များသို့စာအုပ်ပါ ခေါင်းဆောင်ကောင်းဖြစ်ရေး၊ ထက်သန်နိုးကြားပါစေ၊ ရေးမှတ်သောအလေ့အကျင့်ကောင်း၊ အချိန်၏တန်ဖိုးစသည့် ခေါင်းစဉ်များဖြင့် အပြန်အလှန်ဖတ်ကြားဆွေးနွေးခဲ့ကြသည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ခြင်းဖြင့် စာဖတ်သူများအနေဖြင့် စာရေးဆရာများ၏ အတွေ့အကြုံများ၊ အသိပညာတို့ကို ရရှိ‌စေသည့်အပြင် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကိုလည်း ပိုမိုသိရှိနားလည်လာကာ စာဖတ်နှုန်းများတိုးတက်လာစေရန် ရည်ရွယ်ဆောင်ရွက်ပေးခြင်းဖြစ်ကာ စာဖတ်ဝိုင်းသို့ စာပေချစ်မြတ်နိုးသူများ၊ စာရေးဆရာများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)