တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို လူငယ်ကဏ္ဍဆိုင်ရာသင်တန်းများဆင်းပွဲအခမ်းအနားသို့ တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို လူငယ်ကဏ္ဍဆိုင်ရာသင်တန်းများဆင်းပွဲအခမ်းအနားသို့ တက်ရောက်






 ထားဝယ် ၊  မေ  ၂၂

တနင်္သာရီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီက ကြီးမှူးဖွင့်လှစ်သည့် လူငယ်ကဏ္ဍဆိုင်ရာသင်တန်းများဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တစ်မျိုးသားလုံးကျန်းမာသန်စွမ်းပြီး ကိုယ်လက်ကြံ့ခိုင်ရေးအတွက် အားကစားနှင့်ကာယပညာဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသကဲ့သို့ နိုင်ငံတော်ကချမှတ်ပေးထားသည့် အားကစားနှင့်ကာယပညာဆိုင်ရာမူဝါဒများနှင့်အညီ အားကစားလုပ်ငန်းများကို တစ်မျိုးသားလုံး လူထုလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊  အားကစားသမားမျိုးဆက်သစ်များ စဉ်ဆက်မပြတ်မွေးထုတ်လေ့ကျင့်ပေးခြင်းသည်လည်း လုပ်ငန်းတစ်ရပ်အနေဖြင့် ပါဝင်လျက်ရှိကြောင်း၊ ဒေသတစ်ခု၏ အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကျသော မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာရေးသည် အရေးပါလှကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းကဆင်းသွားပြီးပါက သင်ကြားပေးလိုက်သော အားကစားနည်းစနစ်များကို မေ့ပျောက်မသွားစေရန် ဆက်လက်လေ့ကျင့်ကစားနေကြရန်လိုအပ်ကြောင်း၊ လေ့ကျင့်မှ ကျွမ်းကျင်၊ ကျွမ်းကျင်မှယုံကြည်၊ ယုံကြည်မှရဲရင့်၊ ရဲရင့်မှအောင်ပွဲဆင်” ဆိုသည့်ဆောင်ပုဒ်ကို လက်ကိုင်ထားပြီး အမြဲမပြတ်ကြိုးပမ်းလုပ်ဆောင်နေကြရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ကျင်းပမည့် ကျောင်းသားအားကစားပြိုင်ပွဲများ၊ မြို့နယ်ပေါင်းစုံအားကစားပြိုင်ပွဲများတွင် ကျောင်းကိုယ်စားပြု၊ မြို့နယ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်နိုင်မည့် ထူးချွန်သောအားကစားသမားများဖြစ်လာနိုင်ကြောင်း၊ သင်တန်းသားများအနေဖြင့် မိမိ၏အားကစားနည်းစနစ်များကို တတ်ကျွမ်းနားလည်ရေးအတွက် အားကစားပညာရပ်များကို ဆက်လက်လေ့ကျင့်သင်ယူသွားကြရန်၊ နိုင်ငံတော်က အားထားရသော ထူးချွန်အားကစားသမားများဖြစ်အောင် ကြိုးစားလေ့ကျင့်သွားကြရန်လိုအပ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကကျသည့် လူငယ်များအနေဖြင့် တစ်ကိုယ်ရေအပိုင်းတွင် မရှိမဖြစ်လိုအပ်သော စိတ်ဓါတ်ကောင်းမွန်မှု၊ စည်းကမ်းရှိမှု၊ ကြံ့ခိုင်မှု၊ ကျွမ်းကျင်မှု၊ ပူးပေါင်းဆောင်ရွက်တတ်မှုဆိုသည့် အချက်(၅)ချက်နှင့် ပြည့်စုံအောင် မိမိကိုယ်မိမိ အမြဲမပြတ် လေ့ကျင့်ပျိုးထောင်သွားကြရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်ပေးကာ သင်တန်းသားများက တန်းဖြုတ်ပြီးနောက် သင်တန်းဆင်းအားကစားအဖွဲ့များက မြန်မာ့သိုင်း၊ ဂျူဒို၊ အခြေခံဘင်ခရာ Fitness Dance၊ အဆင့်မြှင့်ဘင်ခရာစသည့်တို့ သရုပ်ပြသမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)