မုံရွာ ၊ မေ ၂၂
၂၀၂၄ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအခြေခံနှင့်အဆင့်မြင့် အားကစားသင်တန်းများ ဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
နွေရာသီအားကစားသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ဖြစ်သည့် လူငယ်လူရွယ်များ စာရိတ္တနှင့်စိတ်ဓါတ်ကြံ့ခိုင်ပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်သော အားကစားသမားလူတော်၊ လူကောင်းများပေါ်ထွက်လာစေရေး၊ လူငယ်များအားကစားနည်းအလိုက် နည်းစနစ်များ၊ ဥပဒေများ ကျွမ်းကျင်လိုက်နာမှုရှိစေရန်နှင့် ကျောင်းသားလူငယ်များ နွေရာသီအားလပ်ရက်ကာလများတွင် အချိန်ကိုအကျိုးရှိစွာ အသုံးပြုနိုင်ရန်ဆိုသည့် ရည်ရွယ်ချက် (၃)ရပ်ဖြင့် အားကစားနည်း (၁၄)မျိုး အား ဖွင့်လှစ်ပေးခြင်းဖြစ်သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး နွေရာသီအခြေခံနှင့် အဆင့်မြင့် အားကစားနည်းများအလိုက် သင်တန်းဆင်းလက်မှတ်များအား သင်တန်းသား/သူများကိုယ်စား သင်တန်းသား/သူ ၂ ဦးထံ ပေးအပ်ခဲ့ပြီး အားကစားသင်တန်းသား/သူများမှ ကွင်းအတွင်းမှပြန်လည်ထွက်ခွာကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ မြန်မာ့သိုင်း၊ ကရာတေး၊ ဘောလုံး၊ တင်းနစ်၊ Fitness Dance အဖွဲ့၏ သရုပ်ပြသဖျော်ဖြေမှုများအား ကြည့်ရှုအားပေးကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများက နွေရာသီအခြေခံနှင့်အဆင့်မြင့်သင်တန်း ဆန်းစစ်ချက်ပြိုင်ပွဲများဖြစ်သည့် ဘောလုံး၊ မြန်မာ့သိုင်း၊ တင်းနစ်၊ ကရာတေး တစ်ဦးချင်းနှင့် အသင်းလိုက်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုများ ရရှိကြသည့် အားကစားသမားများအား ဂုဏ်ပြုဆုတံဆိပ်နှင့် ငွေသားဆုများအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးက သရုပ်ပြသခဲ့ကြသည့် မြန်မာ့သိုင်း၊ ကရာတေး၊ ဘောလုံး၊ တင်းနစ်၊ Fitness Dance အဖွဲ့များအား ဂုဏ်ပြုငွေများအား ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ ၂၀၂၄-ခုနှစ်၊ နွေရာသီအခြေခံနှင့်အဆင့်မြင့် အားကစားသင်တန်း၌ ဘောလုံး၊ ကရာတေး၊ Fitness Dance၊ ဘတ်စကက်ဘော၊ စားပွဲတင်တင်းနစ်၊ တင်းနစ်၊ မြန်မာ့သိုင်း၊ ကြက်တောင်၊ ကာယဗလနှင့်ကာယအလှ အားကစား (၁၄)မျိုးအား ဧပြီလ ၂၂ ရက်နေ့မှ မေလ ၂၁ ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပေးခဲ့ရာ သင်တန်းသား၊ သင်တန်းသူ ၃၅၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အားကစားနည်းအလိုက် နည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများနှင့်မိဘများ တက်ရောက်ကြခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment