မြိတ် ၊ မေ ၁၀
တနင်္သာရီတိုင်းဒေကြီး မြိတ်မြို့တွင် မိုးကြိုကာလ၌ဖြစ်ပွားတတ်သည့် လေပြင်းတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်းများဖြစ်ပေါ်နိုင်သဖြင့် မြိတ်ခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက ပြည်သူများအား လေပြင်းဘေးနှင့်မိုးကြိုးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရန် သတိပေးနှိုးဆော်၍ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။
ပြည်သူများအား လေပြင်းဘေးအန္တရာယ်နှင့်မိုးကြိုးဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုလျော့နည်းသက်သာစေရန်၊ ဆောင်ရန်/ရှောင်ရန်အချက်များကို သိရှိပြီး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရှိနိုင်ရန်အတွက် ရပ်ကွက်များ၊ လမ်းဆုံလမ်းခွများ၊ ကမ်းနားလမ်းနှင့် ရေလမ်းသွားခရီးသွားများအား သတိပေးနှိုးဆော်ခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေခြင်းဖြစ်သည်။
ထိုသို့ဆောင်ရွက်ခြင်းကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက မော်တော်ယာဉ်ဖြင့်လှည့်လည်၍ အသံချဲ့စက်ဖြင့် လေပြင်းဘေးအန္တရာယ်နှင့်မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆောင်ရန်/ရှောင်ရန်အချက်များကို သတိပေးနှိုးဆော်ဆောင်ရွက်ခဲ့ကြပြီး သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး
https://t.me/MyanmarNationalPost
No comments:
Post a Comment