မိတ္ထီလာမြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ် နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိတ္ထီလာမြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ် နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ




မိတ္ထီလာ ၊  မေ ၁၀  

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း (မိတ္ထီလာ)ရှိ လေ့ကျင့်ပျိုးထောင်ရေးစင်တာတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားတွင် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း (မိတ္ထီလာ)မှ ကျောင်းအုပ် ဒေါ်ခင်စန်းတင်က ဒေသခံပြည်သူများအား အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန် ရက်ကန်းပညာ အခြေခံသင်တန်းနှင့်   အသက်မွေးဝမ်းကျောင်းကာလတို သင်တန်းနှစ်မျိုးကို  ဖွင့်လှစ်လျက်ရှိရာ ရက်ကန်းအခြေခံညာသင်တန်းမှာဆိုရင် ချည်မျှင်နှင့် အထည်လိပ် ကျွမ်းကျင်သင်တန်း၊  စက်ရက်ကန်းသင်တန်းများကို ဖွင့်လှစ်လျက်ရှိပြီး အသက်မွေးဝမ်း ကျောင်းကာလတို သင်တန်းမှာဆိုရင် စက်ချုပ်နည်းပညာသင်တန်း၊ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း၊ စားသောက်ကုန်ထုတ်လုပ်မှုသင်တန်း၊ မော်တော်ဆိုင်ကယ် ပြုပြင်နည်းသင်တန်း၊ အခြေခံလျှပ်စစ်သံဂဟေဆက်သင်တန်းများ ဖွင့်လှစ်သင်ကြားလျက်ရှိရာ ဒေသခံ ပြည်သူများ စက်ချုပ်တက်သူ လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန်၊ တစ်ပိုင်တစ်နိုင် စက်ချုပ်လုပ်ငန်းများ ထူထောင်နိုင်ရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေရန်၊ မိသားစုဝင်ငွေ တိုးပွားလာစေရန်၊ အထည်ချုပ်စက်ရုံများအတွက် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးရန် ရည်ရွယ်၍ အခြေခံစက်ချုပ် သင်တန်းကို အခမဲ့ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၎င်းနောက် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသော ခရိုင်အမျိုးသမီးရေရာအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာစောမြင့်ထူးနှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ် ဒေါ်ခင်စန်းတင်တို့က သင်တန်းသား သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့သည်။

အဆိုပါ အခြေခံစက်ချုပ်နည်းပညာသင်တန်းကို  သင်တန်းသား/သင်တန်းသူ ၂၀ ဦးအား  မေလ ၁၀ ရက်နေ့မှ ဇွန်လ ၉ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ၎င်းသင်တန်းတွင် စက်နင်းလေ့ကျင့်ခြင်း၊ pattern ရေးဆွဲနည်း၊ အမျိုးသမီးဝတ်ရင်စေ့အင်္ကျီ၊ အမျိုးသမီးဝတ် ရင်ဖုံးအင်္ကျီ၊ အမျိုးသမီးဝတ် ရင်ဖြတ်ဆက်၊ အမျိုးသမီးဝတ်ချိတ်ထမီ၊ အမျိုးသမီးဝတ်သုံးလွှာ၊ အမျိုးသမီးဝတ်လေးလွှာ၊ ကလေးဝတ်ဂါဝန်၊ ကလေးဝတ် ဘောင်းဘိ၊ အမျိုးသားဝတ် သ​င်္ဘောသားအင်္ကျီ၊ အမျိုးသားဝတ် ရှပ်အင်္ကျီတို့ကို နေ့စဉ် နံနက် ၉နာရီမှ ညနေ ၄ နာရီအထိ စာတွေ့လက်တွေ့ အခမဲ့ သင်ကြားသွားမည့်အပြင် သင်တန်းကျောင်းရှိ အဆောင်တွင် နေထိုင်မည့် သင်တန်းသား သင်တန်းသူများအတွက် နေထိုင်စားသောက်ရေး အခမဲ့ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သိန်းမြင့်ကျော်(မိတ္ထီလာ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)