ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ပြည်နယ်အတွင်းရှိ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တွေ့ဆုံ၍ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတည်ငြိမ်အေးချမ်း‌ရေးနှင့် စားရေရိက္ခာ ဖူလုံရေးတို့အတွက် ညှိနှိုင်းဆွေးနွေးမှာကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ပြည်နယ်အတွင်းရှိ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တွေ့ဆုံ၍ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတည်ငြိမ်အေးချမ်း‌ရေးနှင့် စားရေရိက္ခာ ဖူလုံရေးတို့အတွက် ညှိနှိုင်းဆွေးနွေးမှာကြား



မြစ်ကြီးနား ၊ မေ  ၁၂


ကချင်ပြည်နယ်အတွင်း ပြည်နယ်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်းစားရေရိက္ခာဖူလုံရေးနှင့် အခြေခံပညာကျောင်းများ အေးချမ်းတည်ငြိမ်စွာ ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တွေ့ဆုံပွဲကို ယမန်နေ့ ညနေ ၄ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများအနေဖြင့် မိမိတို့အစိုးရအဖွဲ့ကိုယ်စား သက်ဆိုင်ရာခရိုင်/ မြို့နယ်များတွင် တာဝန်ယူဆောင်ရွက်နေ သကဲ့သို့ ဒေသတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရအဖွဲ့၏ လုပ်ငန်းစီမံကိန်းများကို အနီးကပ်ကြပ်မတ်ဆောင်ရွက်နေသူများဖြစ်ပါကြောင်း၊ ယနေ့ လတ်တလော နယ်မြေမတည်ငြိမ်မှုဖြစ်စဉ်များ ကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်လာသည့် ပြည်သူများအား အမိုးအကာအောက် လုံခြုံစွာနေထိုင်နိုင်ရေး စီမံဆောင်ရွက်ပေးရမည်ဖြစ်သလို၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဒေသတွင်းလုပ်ငန်း စီမံကိန်းများကိုလည်း ပြည်သူများလက်ဝယ်အရောက် လုံခြုံစွာလွှဲပြောင်းပေးနိုင်‌ရေး၊ ထို့အပြင် အခြေခံ ပညာကျောင်းများ ဖွင့်လှစ်ရမည်ဖြစ်သည့်အတွက် ကျောင်းများဖွင့်လှစ်နိုင်ရေးကိုလည်း အလေးထားလုပ်ဆောင်သွားရမည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ‌ဒေသတွင်း အခက်အခဲများစွာကို ရင်ဆိုင်ရမည်ဖြစ်သော်လည်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် ယခုထက်ပိုမို၍ ကြိုးစားလုပ်ဆောင်ကြရမည်ဖြစ် ကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် တွေ့ဆုံပွဲသို့ တက်‌ရောက်လာကြသည့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်၊ မြို့နယ်များအလိုက် လူမှုရေး၊ စီးပွားရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များ၊ နယ်မြေမတည်ငြိမ်မှုဖြစ်စဉ်များကို အသီးသီးရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က တင်ပြချက်များအပေါ် ဖြည့်စွက်သုံးသပ်ရှင်းလင်းဆွေးနွေး တင်ပြသည်။

တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လတ်တလော အခြေအနေအရ လုပ်ငန်း တာဝန်များကို ထမ်းဆောင်ရာတွင် ဂရုစိုက်လုပ်ဆောင်ကြရေး၊ ဒေသတွင်းစားရေရိက္ခာဖူလုံရေးအတွက် ကြိုတင်ကြံဆ၍ စီမံဆောင်ရွက်ထားကြရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း  သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)