သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(ပြည်)၌ ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ သားဖွားဆရာမများနေ့နှင့် သူနာပြုများနေ့အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(ပြည်)၌ ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ သားဖွားဆရာမများနေ့နှင့် သူနာပြုများနေ့အခမ်းအနား ကျင်းပ

ပြည်  ၊   မေ   ၁၂

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရှိ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(ပြည်)၌ ယနေ့တွင် ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ သားဖွားဆရာမများနေ့နှင့် သူနာပြုများနေ့အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားမစတင်မီ သူနာပြုသစ္စာဓိဌာန်ရွတ်ဆိုကြပြီး ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် အဆိုပါသင်တန်းကျောင်းမှ သင်တန်းသား၊ သင်တန်းသူများကို ဖလော့ရင့်နိက်တင်ဂေး၏အတ္ထုပ္ပတ္တိအား Video Show ဖြင့် ပြသပေးပြီး မြန်မာနိုင်ငံမှ ဖလောရင့်နိုက်တင်ဂေးဆုရပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္ထိများအား ကျောင်းအုပ်ဆရာမကြီးက ဖတ်ကြားတင်ပြခဲ့ကြောင်း သိရသည်။

ထို့နောက် အပတ်စဥ် ၂၇ သင်တန်းသား၊ သင်တန်းသူများက သူနာပြုရာထူးအဆင့်ဆင့်၏ ဝတ်စားဆင်ယင်မှုအား သရုပ်ဖော်ပြသကြပြီး ဂရုဏာအလင်းသီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။ ဆက်လက်၍ ယင်းသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးက သုတေသနစာတမ်းဖတ်ကြားပြီး သက်ပြည့်အငြိမ်းစား သူနာပြုဆရာမကြီး (၃)ဦးအား ဂါရဝပြုလက်ဆောင်ပေးအပ်ကာ အပတ်စဉ်အလိုက် သင်တန်းသား၊ သင်တန်းသူများက တေးသီချင်းများဖြင့် သီဆိုကပြ‌ ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

ယင်းနောက် သင်တန်းသား၊ သင်တန်းသူများက ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာသားဖွားဆရာမများနေ့နှင့် သူနာပြုများနေ့အထိမ်းအမှတ်အဖြစ် ပြည်မြို့ ခုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်းခဲ့ကြကြောင်း သိရသည်။

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)