နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပျဉ်းမနားမြို့နယ်အရှေ့ခြမ်း တောင်ပေါ်ဒေသရှိ ကျေးရွာများသို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပျဉ်းမနားမြို့နယ်အရှေ့ခြမ်း တောင်ပေါ်ဒေသရှိ ကျေးရွာများသို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်






နေပြည်တော်  ၊  မေ  ၁၂


နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီအတွင်းရေးမှူး၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ် အရှေ့ခြမ်းတောင်ပေါ်ဒေသရှိ မဲပေါက်ကျေးရွာအုပ်စု၊ ဂမုန်းတောင်ကျေးရွာ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။


တွေ့ဆုံစဉ် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးဆိုသည့် အမျိုးသားရေးရည်မှန်းချက်နှစ်ရပ် ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊  နေပြည်တော်ကို Green City, Clean City, Smart City အဖြစ် ဆောင်ရွက်နေလျက်ရှိရာ အားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း၊ ကျောင်းအပ်နှံရေးအတွက် ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းအပ်နှံနိုင်ရေးတို့ကို အလေးထားဆောင်ရွက်ကြစေလိုကြောင်း၊ မိမိကျေးရွာပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေး၊ သန့်ရှင်းသာယာလှပရေးတို့ကို အလေးထားဆောင်ရွက်စေလိုကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းဆောင်ရွက်ရာတွင် အထွက်နှုန်းကောင်းသည့် မျိုးကောင်း၊ မျိုးသန့်များကို စိုက်ပျိုးပြီး ပန်းတိုင်အထွက်နှုန်းထွက်ရှိရေးအပြင် စံအထွက်နှုန်းများထွက်ရှိရေး ဆောင်ရွက်ကြစေလိုကြောင်း၊ စပါးစိုက်ပျိုးရာတွင် ကြဲပက်စိုက်ပျိုးခြင်းမပြုလုပ်ဘဲ ခေတ်မီစိုက်ပျိုးနည်းစနစ်များဖြင့် စိုက်ပျိုးနိုင်ရေး၊ အစေ့ချကိရိယာများ၊ ကောက်စိုက်စက်များဖြင့် စိုက်ပျိုးစေလိုကြောင်း၊ ပြည်ပမှစားသုံးဆီများ တင်သွင်းနေရသဖြင့် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးပြီး ပန်းတိုင်အထွက် နှုန်းပြည့်ဝစွာဖြင့် စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် သီးထပ်စွမ်းအားများ တိုးတက်အောင် စနစ်တကျဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ကျေးရွာစာကြည့်တိုက်များတွင် သုတရသ စာအုပ်စာစောင်များ စုံစုံလင်လင်ထားရှိနိုင်ရေး၊ ကျေးလက်နေပြည်သူများ အသိပညာတိုးပွားနိုင်ပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အဓိကအထောက်အကူပြုပေးနိုင်သည့် စာအုပ်စာပေများထားရှိနိုင်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်ကြစေလိုကြောင်း၊ မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စည်းစည်းလုံးလုံးညီညီညွတ်ညွတ် ဝိုင်းဝန်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် မိမိတို့ကျေးရွာများအတွင်း ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်သည်များကို ဆွေးနွေးတင်ပြ ကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဒူးရင်း၊ ကော်ဖီ၊ ကြက်မောက် ပျိုးပင်များ၊ စပါး၊ ပြောင်း၊ နေကြာ၊ နှမ်း မျိုးစေ့များ၊ ဟင်းသီးဟင်းရွက်မျိုးစေ့များ၊ စားသောက်ကုန် ပစ္စည်းများနှင့် ကျေးရွာစာကြည့်တိုက်အတွက် စာအုပ်စာစောင်များကို ထောက်ပံ့ပေးအပ်ကြရာ ကျေးရွာပြည်သူများက လက်ခံရယူကြသည်။


ယင်းနောက် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပြည်သူများက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို ဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။


ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် ဂမုန်းတောင်ကျေးရွာရှိ ရတနာစာကြည့်တိုက်သို့ ကြည့်ရှုစစ်ဆေးပြီး စာကြည့်တိုက်အတွက် ငွေပဒေသာပင်နှင့် စာအုပ်များ ပေးအပ်လှူဒါန်းပြီး ကျေးလက်ကျန်းမာရေးဌာနသို့ သွားရောက်၍ လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။


ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ သွားရောက်ပြီး စက်ရုံအတွင်း ဓာတ်အားထုတ်လုပ်နေမှုနှင့် လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ဒုတိယအင်ဂျင်နီယာချုပ်၊ စက်ရုံမှူး ဦးဆလိုင်းသောက်လျန်ထန်းနှင့် တာဝန်ရှိသူများက စက်ရုံအတွင်း ဓာတ်အားထုတ်လုပ်မှုနှင့် ရေဝင်ရောက်မှုအခြေအနေများ၊ ဓာတ်အားဖြန့်ဝေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တမံကြံ့ခိုင်ရေး၊ ရေရှည်ခိုင်ခန့်စေရေး၊ လုပ်ငန်းခွင့်အန္တရာယ်ကင်းရှင်းစေရေးအတွက် ဂရုပြုဆောင်ရွက်ကြစေလိုကြောင်းပြောကြားပြီး ဝန်ထမ်းများအတွက် စားသောက်ကုန်ပစ္စည်းများပေးအပ်သည်။


ထိုမှတစ်ဆင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် ပြည်ထောင်ကိုး ကျေးရွာအုပ်စု၊ ပြဒါးချောင်းကျေးရွာသို့သွားရောက်၍ ပြဒါးချောင်းကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်း၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။


ဦးစွာ ပြဒါးချောင်းကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်းဆရာတော်ထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။


ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ဒေသအတွင်း အေးချမ်းသာယာရေး၊ စားရေရိက္ခာဖူလုံရေးအတွက် အားလုံးက ပိုမို၍ ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ ကျောင်းအပ်နှံရေးအတွက် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံနိုင်ရေးတို့ကို မိဘများက အလေးထားဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့၏ သားသမီးများအား ကျောင်းပညာရေးအပြင် အသက်မွေးဝမ်းကျောင်းပညာကို သင်ကြားနိုင်ရေး ဆောင်ရွက်သွားကြစေလိုကြောင်း၊ မိမိကျေးရွာပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေး၊ သန့်ရှင်းသာယာလှပရေးတို့ကို အလေးထားဆောင်ရွက်စေလိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်ရာတွင် အထွက်နှုန်းကောင်းသည့် မျိုးကောင်း၊ မျိုးသန့်များကို စိုက်ပျိုးပြီး ပန်းတိုင်အထွက် နှုန်းထွက်ရှိရေးအတွက် ဆောင်ရွက်ကြစေလိုကြောင်း၊ စပါးစိုက်ပျိုးရာတွင် ကြဲပက်စိုက်ပျိုးခြင်းမပြုလုပ်ဘဲ ခေတ်မီစိုက်ပျိုး နည်းစနစ်များဖြင့် စိုက်ပျိုးနိုင်ရေး၊ အစေ့ချကိရိယာများ၊ ကောက်စိုက်စက်များဖြင့် စိုက်ပျိုးစေလိုကြောင်း၊ ပြည်ပမှစားသုံးဆီများ တင်သွင်းနေရသဖြင့် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးပြီး ပန်းတိုင်အထွက် နှုန်းပြည့်ဝစွာဖြင့် စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် သီးထပ်စွမ်းအားများတိုးတက်အောင် ရေသုံးစွဲမှုကို စနစ်တကျ ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ကျေးရွာစာကြည့်တိုက်များတွင် သုတရသစာအုပ်စာစောင်များ စုံစုံလင်လင်ထားရှိနိုင်ရေး၊ ကျေးလက်နေပြည်သူများ အသိပညာတိုးပွားနိုင်ပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အဓိကအထောက်အကူပြုပေးသည့် စာအုပ်စာပေများ ထားရှိနိုင်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်ကြစေလိုကြောင်း၊ မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စည်းစည်းလုံးလုံးညီညီညွတ်ညွတ် ဝိုင်းဝန်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် မိမိတို့ကျေးရွာများအတွင်း ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်သည်များကို ဆွေးနွေးတင်ပြကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဒူးရင်း၊ ကော်ဖီ၊ ကြက်မောက် စသည့် ပျိုးပင်များ၊ စပါး၊ ပြောင်း၊ နေကြာ၊ နှမ်းမျိုးစေ့များ၊ ဟင်းသီးဟင်းရွက်မျိုးစေ့များ၊ စားသောက်ကုန်ပစ္စည်းများနှင့် ကျေးရွာစာကြည့်တိုက်အတွက် ငွေပဒေသာပင်နှင့် စာအုပ်စာစောင်များကို ထောက်ပံ့ပေးအပ်ကြရာ ကျေးရွာပြည်သူများက လက်ခံရယူကြသည်။

ထို့နောက် ဌာနဆိုင်ရာများက စပါးအပါအဝင် သီးနှံများ ပန်းတိုင်အထွက်နှုန်းထွက်ရှိရေးအတွက် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံနိုင်ရေးကိစ္စရပ်များကို အသီးသီးရှင်းလင်းဆွေးနွေးသည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘဝမြင့်မားရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပြည်သူများက ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို ဆွေးနွေးတင်ပြကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် ‌ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက နေပြည်တော်ကုသရေးဦးစီးဌာနမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။


ထွန်းထွန်းဝင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)