အိမ်မဲ ၊ မေ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ.ထ.က (၂) ကျောင်း ပညာ့ဗိမာန်ခန်းမတွင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ၏ (၇၄)ကြိမ်မြောက် (၃၈)ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲ ထူးချွန်ဆုချီးမြှင့်ခြင်းအခမ်းအနားကို မေလ ၁၁ ရက်နေ့ မွန်းလွဲ (၁)နာရီအချိန်တွင် ကျင်းပခဲ့သည်။
အခမ်းအနားကို တက်ရောက်လာသူများက နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့သည်။ ထို့နောက် နိုင်ငံတော်သံဃာမဟာနာယကအဖွဲ့ဝင် ကွင်းကျောင်းပရိယတ္တိစာသင်တိုက်မဟာဂန္တဝါစက ဘဒ္ဒန္တနန္ဒိယ ဆရာတော်က အဖွင့်သြဝါဒများကိုမိန့်ကြားခဲ့သည်။ ယင်းနောက် ဗဟို YMBA အသင်းသြဝါဒစရိယ ဆရာတော်က အသင်းဆိုင်ရာများကို လည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးက အမှာစကားများကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး YMBA အသင်းအမှုဆောင်က အမှာစကားများကို လည်းကောင်း အသီသီးပြောကြားခဲ့သည်။
ဆက်လက်ပြီး တာဝန်ရှိသူများက ဆရာတော်သံဃာတော်များအား ဝတ္တုငွေများ ဆက်ကပ်လှူဒါန်းခြင်း၊ အောင်ချက်ထူးချွန်ဆုရရှိသည့် စာဖြေဌာန (၁၀)ခု၊ ထူးချွန်စွာအောင်မြင်သူ (၂၆)ဦးတို့အား ဆုချီးမြှင့်ခြင်းနှင့် အောင်လက်မှတ်များအား စာဖြေဌာနအလိုက် ပေးအပ်ချီးမြှင့်ခဲ့ကြကာ အခမ်းအနားကို တက်ရောက်လာသူများ က ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အောင်မြင်စွာရုပ်သိမ်းခဲ့ကြသည်။
ချစ်သက်လယ်
https://t.me/MyanmarNationalPost
No comments:
Post a Comment