ရှမ်းပြည်နယ်ရင်းနှီးမြုပ်နှံမှုကော်မတီ (၄/၂၀၂၃) ကြိမ်မြောက် အစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ်ရင်းနှီးမြုပ်နှံမှုကော်မတီ (၄/၂၀၂၃) ကြိမ်မြောက် အစည်းအဝေး ကျင်းပ


တောင်ကြီး ၊  မေ  ၂၈

ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၃) ကြိမ်မြောက်အစည်းအဝေးကို ယမန်နေ့ နံနက် (၁၀) နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှသာ ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်မှာဖြစ်၍ ဒေသအတွင်း အလုပ်အကိုင်များ ရရှိကြပြီး တစ်ဖက်တစ်လမ်းက ဆင်းရဲမွဲတေမှုလျှော့ချရေးကိုလည်း အထောက်အကူပြုစေမှာဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး၊ နည်းပညာများရရှိရေး၊ ကုန်သွယ်မှုတိုးပွားစေရေး၊ ငွေကြေးအရင်းအနှီးများရရှိရေးတို့အတွက် ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ရန် ကော်မတီအနေဖြင့် ကြိုးပမ်းဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လုပ်ငန်းဆောင်ရွက်ရာတွင် လွယ်ကူချောမွေ့စေရေးအတွက် ကော်မတီရုံးအနေဖြင့် လစဥ် ကွင်းဆင်းကြည့်ရှုပြီး လိုအပ်ချက်များရှိပါက ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်ပေးကြရန် မှာကြားလိုကြောင်းပြောကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအတွင်းရေးမှူး၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလေးနိုင်မှ ရှမ်းပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လျာထားချက်နှင့် အကောင်အထည်ဖော်နိုင်မည့်အခြေအနေများကို ရှင်းလင်းတင်ပြပြီး ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များမှ ဆွေးနွေးကြ၍ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က နိဂုံးချုပ်စကားပြောကြားကြောင်း သိရှိရသည်။


မောင်မောင်သန်း(တောင်ကြီး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)