မြန်မာနိုင်ငံတွင် မျက်စိကျန်းမာရေးစောင့်ရှောက်မှု တိုးမြှင့်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးသို့ ဒုတိယဝန်ကြီး တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံတွင် မျက်စိကျန်းမာရေးစောင့်ရှောက်မှု တိုးမြှင့်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးသို့ ဒုတိယဝန်ကြီး တက်ရောက်


နေပြည်တော်၊ မေ ၃၀

မြန်မာနိုင်ငံတွင် မျက်စိကျန်းမာရေးစောင့်ရှောက်မှု တိုးမြှင့်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ကျန်းမာရေးဝန်ကြီးဌာန အစည်းဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းက ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ခန့်မှန်းဖော်ပြချက်အရ(၂၀၂၃)ခုနှစ်တွင် ကမ္ဘာပေါ်တွင် အမြင်အာရုံချို့တဲ့သူပေါင်းနှင့် မျက်စိကွယ်သူပေါင်းမှာ ၂ ဒသမ၂ ဘီလီယံခန့်ရှိပြီး၎င်းတို့၏ ၉၀ ရာနှုန်းမှာ ဖွံ့ဖြိုးဆဲနိုင်ငံများမှဖြစ်ပြီး အမြင်ချို့တဲ့သူများ၏ ၈၀ ရာနှုန်းမှာ ကာကွယ်ကုသ၍ရနိုင်ကြောင်း၊ မြန်မာနိုင်ငံတွင် ကာကွယ်ကုသနိုင်သော မျက်စိရောဂါများအနက် အဓိကမျက်စိမမြင်ခြင်းကို ဖြစ်စေနိုင်သော အကြောင်းရင်းများ၌ အတွင်းတိမ်၊ ရေတိမ်၊ မျက်မှန်လိုအပ်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းနှင့် ဆီးချို၊ သွေးတိုးရောဂါတို့ကြောင့်ဖြစ်ကြောင်း၊ ယခင်ကမျက်ခမ်းစပ်ရောဂါသည် အဓိကအကြောင်းရင်း ဖြစ်ခဲ့ပါကြောင်း။

နိုင်ငံတော်အစိုးရ၊ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ အင်တိုက်အားတိုက် ဆောင်ရွက်မှုများကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ သတ်မှတ်စံနှုန်းနှင့်အညီ မြန်မာနိုင်ငံတွင် မျက်ခမ်းစပ်ရောဂါသည် ပြည်သူ့ကျန်းမာရေး ပြဿနာအဖြစ်မှ ကင်းဝေးကြောင်း (Trachoma Elimination in Myanmar)ကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလတွင် ကြေညာနိုင်ခဲ့ပါကြောင်း၊ မျက်ခမ်းစပ်ရောဂါကဲ့သို့ ကူးစက်နိုင်သောမျက်စိရောဂါများ လျော့နည်းကင်းဝေးသွားသော်လည်း အတွင်းတိမ်ရောဂါနှင့်အတူ ဆီးချို၊ သွေးတိုးစသော ရောဂါများ၏ နောက်ဆက်တွဲ မျက်စိရောဂါများ ဦးမော့မလာစေရေးအတွက် မကူးစက်နိုင်သောရောဂါများ ကာကွယ်နှိမ်နင်းရေးစီမံချက်များနှင့် ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။

“မြန်မာ့ကျန်းမာရေးမျှော်မှန်းချက် ၂၀၃၀” “Myanmar Health Vision 2030” တွင် မျက်စိ ကျန်းမာရေးသည်လည်း အရေးကြီးသော အခန်းကဏ္ဍတစ်ရပ်မှပါဝင်ပြီး ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေးပြည့်ဝပြီး လူတိုင်းလက်လှမ်းမီရေးဆိုသည့် ရည်မှန်းချက်အတိုင်း၊ ရှောင်လွှဲ၍ရနိုင်သော မျက်မမြင်ခြင်းနှင့် အမြင်အာရုံချို့တဲ့ခြင်းမှ လူတိုင်း ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျေးရွာများအထိကွင်းဆင်း၍ မျက်စိစစ်ဆေးခြင်း၊ စမ်းသပ်ခြင်း၊ ကုသပေးခြင်းနှင့် ပညာပေးဟောပြောခြင်းစသော ပဏာမမျက်စိကျန်းမာရေးစောင့်ရှောက်မှု (Primary Eye Care)ကို ပိုမိုကျယ်ပြန့်စွာဆောင်ရွက်ရန် လိုအပ်ပါကြောင်း။

အမျိုးသားမျက်စိကျန်းမာရေးစီမံကိန်း (၂၀၂၅-၂၀၃၀)ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ မျက်မမြင်ကာကွယ်ရေးမဟာဗျူဟာဖြစ်သော “လူတိုင်းအတွက် မျက်စိကျန်းမာရေးဆီသို့” “Towards Universal Eye Health” ရည်မှန်းချက်နှင့်အညီ ရေးဆွဲနိုင်ရေးအတွက် ကြိုးပမ်းကြရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် အမြင်အာရုံချို့တဲ့ခြင်း လျော့နည်းကျဆင်းစေရေးနှင့် လိုအပ်သော ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လက်လှမ်းမီစွာ ရရှိနိုင်ရေးနှင့်အတူ အရည်အသွေးပြည့်ဝသော မျက်စိကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဖြစ်စေရေးအတွက် နှီးနွှယ်ဝန်ကြီးဌာနများနှင့် မိတ်ဖက်အဖွဲ့ အစည်းများမှ ဝိုင်းဝန်းပါဝင် ကူညီဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

အဆိုပါ အစည်းအဝေးသို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မျက်စိအထူးကုဆရာဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူများနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)