ငါးသိုင်းချောင်း မြို့အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံမှု အခြေအနေများအား တာဝန်ရှိသူများ လှည့်လည် ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငါးသိုင်းချောင်း မြို့အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံမှု အခြေအနေများအား တာဝန်ရှိသူများ လှည့်လည် ကြည့်ရှုအားပေး





ငါးသိုင်းချောင်း၊ မေ ၃၀

  ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ်  မေလ(၂၃)ရက်နေ့မှ ဇွန်လ(၂)ရက်နေ့ အထိ သတ်မှတ်ဆောင်ရွက်ထားရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ငါးသိုင်းချောင်းမြို့တွင် မြို့ပေါ်ကျောင်းများ၏ သူငယ်တန်း (KGတန်း)မှ ဒွါဒဿမတန်း(G-12)ထိကျောင်းအပ်နှံမှု အခြေအနေများအား ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦး၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးသန်းချစ်အေး၊ မြို့နယ်ပညာရေးမှူးဦးကျော်နိုင်၊ မြို့အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်နှင့် တာဝန်ရှိသူများပူးပေါင်းကာ ယနေ့ နံနက်(၁၀)နာရီ အချိန်၌ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

 အားပေးကြည့်ရှုရာတွင် ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးဦးအောင်နိုင်ဦး က ကျောင်းအပ်နှံမှု အခြေအနေများအား ကြည့်ရှုအားပေးကာ လိုအပ်သည်များအား လမ်းညွှန်မှာကြားခြင်း၊ ကျောင်းနေအရွယ်ကလေးအားလုံး ရာနှုန်းပြည့်ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းအပ်နှံရေးအတွက် မိဘနှင့် ဆရာ ပူးပေါင်းကာ ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခြင်း၊ ကျောင်းဝန်းအတွင်း သန့်ရှင်းသာယာလှပစေရေးနှင့် အမှိုက်ကင်းစင်ရေးအတွက် ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခြင်းတို့ ဆောင်ရွက်ပြီးနောက် ကျောင်းအပ်နှံရေးအတွက် လာရောက်ကြသော မိဘများနှင့် ကျောင်းသား/သူများအား အားပေးစကား တရင်းတနှီးပြော၍ ကျောင်းသား/သူများအား ကျောင်းသုံးပစ္စည်းများနှင့် ကျောင်းဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်းသိရသည်။

ထို့နောက်မြို့နယ်အထွေထွေအုပ်ချုပ် ရေးမှူးဦးသန်းချစ်အေးနှင့် တာဝန်ရှိသူများက ငါးဝန်ရပ်ကွက်ရှိ ကျောင်းမအပ်ရသေးသည့် ကလေးများနှင့်ကျောင်းသားမိဘများကို အိမ်တိုင်ရာရောက်သွားရောက်တွေ့ဆုံကာ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)