ကြံခင်း ၊ မေ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၌ မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယမန်နေ့နံနက်(၈)နာရီခွဲအချိန်က ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့ အခြေခံပညာအထက်တန်းကျောင်း၊ တေဇခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားကို (အ.ထ.က) ဘက်ရဲကျောင်းမှ ကျောင်းသား/ သူများက "မြန်မာကျောင်း" သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်က အဖွင့်အမှာစကားပြောကြားပြီ၊ မြို့နယ်ပညာရေးဦးစီးဌာန မြို့နယ်ပညာရေးမှုး ဒေါ်ဌေးဌေးက ကျောင်းအပ်နှံရေးနေ့ကျင်းပရခြင်း ရည်ရွယ်ချက်များ၊ ပညာရေးဌာန၏ရည်မှန်းချက်၊ ကျောင်းအပ်နှံရေးလုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ကြံခင်းမြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ပညာသင်နှစ်တွင် နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သော ကျောင်းသုံးပုံနှိပ်ပြဌာန်းစာအုပ်များ၊ ဗလာစာအုပ်၊ ခဲတံများနှင့် ကျောင်းဝတ်စုံများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက (Grade) အတန်းအလိုက်ကိုယ်စား ကျောင်းသား/ သူများအားလည်းကောင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်စန်းစန်းမြင့်နှင့် အဖွဲ့ဝင်များက ကျောင်းသုံးဗလာစာအုပ်နှင့် အလှူငွေများပေးအပ်ခဲ့ပြီးနောက်၊ (အ.ထ.က) ဘက်ရဲကျောင်းမှ ကျောင်းသား/ သူများက "ဘက်စုံပညာကိုရည်တို့လှမ်းချီ" သီချင်းဖြင့် အခမ်းအနားပြီးမြောက်ခဲ့သည်။
အခမ်းအနားသို့ မြန်အောင်ခရိုင်ပညာရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးသန်းဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်ဌေးဌေးနှင့် တာဝန်ရှိသူများ၊ ဘက်ရဲမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုနှင့် ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ (အ.ထ.က) ဘက်ရဲကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် သက်ဆိုင်ရာကျောင်းစုများမှ ကျောင်းအုပ် ဆရာကြီး/ ဆရာမကြီးများ၊ ကျောင်းသား/ သူများ တက်ရောက်ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment