ဇေယျာသီရိမြို့နယ်၌ မိုးစပါးအာမခံချက်ထားရှိနှိုင်ရေးအတွက် ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇေယျာသီရိမြို့နယ်၌ မိုးစပါးအာမခံချက်ထားရှိနှိုင်ရေးအတွက် ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေနွေး

 




ဇေယျာသီရိ  ၊  မေ  ၂၆


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ မိုးစပါးအာမခံချက်ထားရှိနှိုင်ရေး အတွက် ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ် စိမ်းစားပင် စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ၌ ကျင်းပခဲ့သည်။

ဆွေးနွေးပွဲသို့ နေပြည်တော်ကောင်စီဝင်များဖြစ်သည့် ဦးဇေယျာလင်း၊ ဦးမင်းဦးနှင့် ဦးဟန်သူ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် နေပြည်တော်တိုင်းမန်နေဂျာ ဒေါ်အေးမင်းသင်း၊ မြန်မာ့အာမခံ လုပ်ငန်း နေပြည်တော်တိုင်းရုံးမှ လက်ထောက်မန်နေဂျာ ဒေါ်အင်ကြင်းကေခိုင်၊ ဇေယျာသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်နှင့်  မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီအဖွဲ့ ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများတက်ရောက်ခဲ့ပြီး  ဆွေးနွေးပွဲတွင် လက်ထောက်မန်နေဂျာ ဒေါ်အင်ကြင်းကေခိုင်က ရာသီဥတု အညွှန်းကိန်းသီးနှံအာမခံ မိုးစပါးနှင့် ပတ်သက်၍ သတ်မှတ်မိုးရေချိန်စံညွှန်းထက် လျော့နည်းသော မိုးရွာသွန်းခြင်းနှင့် ရေကြီးနစ်မြုပ် ပျက်စီးခြင်းအတွက် အာမခံလျော်ကြေး အကျိုးခံစားခွင့်ရရှိမည့် အာမခံအမျိုးအစားများ၊ အာမခံထားရှိနိုင်သည့်ပမာဏ၊ အာမခံလျော်ကြေး သတ်မှတ်ချက်နှင့် အာမခံလျော်ကြေးငွေ ထုတ်ပေးခြင်းဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးခဲ့သည်။ ယင်းနောက် တက်ရောက်လာ ကြသည့် တောင်သူများက သိရှိလိုသည်များမေးမြန်းဆွေးနွေးခဲ့ရာ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။  

မိုးစပါး စိုက်ပျိုးသည့်တောင်သူများအနေဖြင့် ပထမသတ်မှတ်ကာလ မိုးရေချိန်သည် သတ်မှတ်ထား သည့် မိုးရေချိန်ပမာဏအောက် လျော့နည်းရွာသွန်းခြင်းနှင့် ရေကြီးနစ်မြုပ် ပျက်စီးခြင်းဖြစ်ပေါ်ပါက အာမခံထားရှိငွေ ၂၀ ရာခိုင်နှုန်း၊ ဒုတိယသတ်မှတ်ကာလ မိုးရေချိန်သည် သတ်မှတ်ထားသည့် မိုးရေချိန်ပမာဏအောက် လျော့နည်းရွာသွန်းခြင်းနှင့် ရေကြီးနစ်မြုပ် ပျက်စီးခြင်းဖြစ်ပေါ်ပါက ၃၀ ရာခိုင်နှုန်း အာမခံလျော်ကြေးငွေ ရရှိမည်ဖြစ်ကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ သိရသည်။


ထွန်းလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)