လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ သန်လျင်၌ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ သန်လျင်၌ ကျင်းပ

 



ရန်ကုန် ၊  မေ ၂၆

သန်လျင်ခရိုင် သန်လျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူငယ်သင်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို မေ ၂၄ ရက်နေ့ မွန်းလွဲ (၁) နာရီတွင် လူငယ်သင်တန်းကျောင်းရှိ ယင်းခန်းမဆောင်၌ ကျင်းပသည်။

ထို့နောက် လူငယ်သင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးကျော်ဇင်ထွန်းမှ အဖွင့်အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိအိမွန်က စာဖတ်ခြင်းက ဖတ်သူ၏သိမှုနယ်ပယ်ကို ကျယ်ပြန့်စေသည်ဖြစ်ရာ များများဖတ်လေပို၍ ကျယ်ပြန့်လေပင်ဖြစ်သည်။ ကလေးဘဝမှစ၍ စာဖတ်သည့်အကျင့်စွဲမြဲသူသည် လူငယ်ဘဝ၊ လူရွယ်ဘဝ၊ လူလတ်ဘဝ၊ လူကြီးဘဝ စသည့်သက်တမ်း တစ်လျှောက်လုံးတွင် စာပေကို အရွယ်လိုက်ပြောင်းလဲ ဖတ်ရှုသွားလေ့ရှိကြောင်း ရုပ်အာဟာရအတွက် အစားအစာတို့ကို စားသုံးကြရသလို စိတ်အာဟာရအတွက်လည်း စာဖတ်ခြင်းဖြင့် ဖြည့်တင်းကြရသည်၊စာပေဖတ်ရှုခြင်းသည် ကြည်နူးနှစ်သက်မှုကိုလည်းဖြစ်စေသည် အဆင်တန်ဆာအလှကိုလည်း ပေါ်စေသည်၊ စွမ်းရည်သတ္တိကိုလည်းထက်စေသည်ဟု လူငယ်နှင့်စာပေခေါင်းစဥ်ဖြင့် ဟောပြောပွဲပြုလုပ်သည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်စိုးစန္တာရွှေက စာပေနှင့်ပက်သက်သည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့သည်၊ ယင်းနောက် လူငယ်သင်တန်းကျောင်းမှ ကလေးလူငယ်များအား စာပေနှင့်ပက်သက်သည့် ဂိမ်းကစားခြင်း၊ စကားပုံံဆက်ဂိမ်းကစားခြင်းများပြုလုပ်ခဲ့ပြီး၊ သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


ဖြိုးသီဟ 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)