ကလောမြို့နယ်၌ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလောမြို့နယ်၌ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် အခမ်းအနားကျင်းပ




ကလော ၊  မေ  ၂၆


ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပူးပေါင်းပံ့ပိုးမှုတို့ဖြင့် ကျင်းပပြုလုပ်သည့် ခရီးစဉ်ဒေသဆိုင်ရာစီမံခန့်ခွဲရေးအဖွဲ့များပါဝင်သော ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်ဆွေးနွေးပွဲအခမ်းအနားကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့ဂါးဒင်းဟိုတယ်ခန်းမ၌ မေလ (၂၄) ရက်နေ့နံနက် (၉) နာရီက ကျင်းပပြုလုပ်ခဲ့ရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်ပြည်နယ်ဝန်ကြီးများ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသဥက္ကဋ္ဌ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ကလောတပ်နယ် တပ်နယ်မှူး၊ တောင်ကြီး၊ ကလော၊ ညောင်ရွှေ၊ ပင်းတယ၊ ရွာငံတို့မှပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာ၊ DMO ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဖွဲ့များ ဟိုတယ်ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်နှင့်ပက်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ရှမ်းပြည်နယ်ခရီးသွားလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ထို့နောက် ဒုတိယအပိုင်းအစီအစဉ်ဖြင့် ဆက်လက်ကျင်းပခဲ့ရာ ရှမ်းပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ကျင်းပရခြင်းနှင့် DMO များ၏ အခန်းကဏ္ဍများကို ရှင်းလင်းဆွေးနွေးတင်ပြခဲ့ပြီး တောင်ကြီး၊ ကလော၊ အင်းလေး၊ ရွာငံ၊ ပင်းတယ မြို့တို့မှ DMO အဖွဲ့များခွဲ၍ မိမိတို့ဒေသအလိုက် ခရီးသွားလုပ်ငန်းဆိုင်ရာကိစ္စရပ်များကို အုပ်စုဖွဲ့၍ ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးချက်များကို အဖွဲ့ကိုယ်စားလှယ်တစ်ဦးစီမှ မေးခွန်းများ မေးမြန်းဆွေးနွေးခဲ့ကြသည်။ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်၏ DMO အဖွဲ့များ ဆွေးနွေးပွဲရလဒ်များကို ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြန်လည်သုံးသပ်ဖော်ထုတ်ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)