ငါန်းဇွန် ၊ မေ ၂
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် ငါန်းဇွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ညနေ ၃နာရီအချိန်က မြို့နယ်အတွင်းတွင် ၂၀၂၄-၂၀၂၅ ခုနှစ် ဆီထွက်သီးနှံအထူးဇုံများ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး တောင်သူများနှင့် ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ဆီထွက်သီးနှံအထူးဇုံလုပ်ငန်းကြီးကြပ်မှုကော်မတီ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္က ဦးမျိုးမင်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဆန်းလင်းက ဆီထွက်သီးနှံအထူးဇုံစီမံကိန်း ရည်မှန်းချက်ပြည့်မီအောင် စိုက်ပျိုးသွားနိုင်ရေးနှင့် မြေပဲ၊ နှမ်း၊ နေကြာ မျှော်မှန်းအထွက် တိုးတက်ရရှိစေနိုင်ရေး နည်းလမ်းများအားလည်းကောင်း၊ သက်ဆိုင်ရာမြေအသုံးချ၊ မျိုးစေ့၊ပိုးမွှားတာဝန်ခံများမှလည်း သီးနှံအလိုက် တောင်သူများ လိုက်နာဆောင်ရွက်သင့်သည့် စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများကို ရှင်းလင်းဆွေးနွေးနည်းပညာပေးခြင်းများ ဆောင်ရွက်ပေးခြင်းနှင့် မိတ်ဖက်ဌာနများမှလည်း ပေါင်းစပ်ဆောင်ရွက်သွားမည့် လုပ်ငန်းကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးကာ အခမ်းအနားသို့ တက်ရောက်လာသော တောင်သူများအား စိုက်ပျိုးရေးနည်းပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲသို့ မြို့နယ်ဆီထွက်သီးနှံအထူးဇုံလုပ်ငန်းကြီးကြပ်မှုကော်မတီ ဉက္ကနှင့် ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာများမှ တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)
https://t.me/MyanmarNationalPost
No comments:
Post a Comment