သထုံမြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

သထုံမြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်



သထုံ၊ မေ ၆

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျှက်ရှိရာ ယနေ့နံနက်က သထုံမြို့၊ ဘင်လှိုင်ရပ်ကွက်၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ သထုံခရိုင်ဦးစီးမှူး ဦးမောင်မောင်မြင့်၏ အနီးကပ်ကြီးကြပ်မှုဖြင့် သထုံမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အသက်(၁၀)နှစ်ပြည့်ပြီးသူ (၂၈) ဦး၊ အသက်(၁၈)နှစ်ပြည့်သူ (၁၉) ဦး၊ နိုင်ငံသားစိစစ်ရေးကတ်ပြားလဲလှယ်သူ (၂၄) ဦး၊ နိုင်ငံသားစိစစ်ရေးကတ်ပြားပျောက်ဆုံး၊ ပျက်စီးမိတ္တူပြုလုပ်သူ (၂၃) ဦး၊ စုစုပေါင်း (၉၄) ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခဲ့ကြပြီး အိမ်‌ထောင်စု (၂၀) စုတို့အား အိမ်ထောင်စုလူဦးရေစာရင်း ဆောင်ရွက်ပေးခဲ့ကာ (Biometric)ကောက်ယူခြင်းလုပ်ငန်းများလည်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)