မူဆယ်ခရိုင်၏ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မူဆယ်ခရိုင်၏ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ ကျင်းပ




မူဆယ် ၊  မေ  ၃၀


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၏ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ခရိုင်စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် (၁၀)နာရီက ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဉက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်ပြီး ခရိုင်စီမံကိန်းဦးစီးမှူး ဦးကျော်မင်းသိန်းက မူဆယ်ခရိုင်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ကဏ္ဍအလိုက် စီမံကိန်းရည်မှန်းချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ ရေးဆွဲထားရှိမှုအခြေအနေများ၊ ဌာနအလိုက် ပြည်ထောင်စု/ပြည်နယ် ဘဏ္ဍာရန်ပုံငွေ ခွင့်ပြုရရှိသည့် အခြေအနေများကို  Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူးက တက်ရောက်လာသည့် ဌာနဆိုင်ရာများသို့ ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန်များကို ပေးအပ်ကြောင်း သိရှိရပါသည်။


ချယ်ရီမြေ(မူဆယ်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)