နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်အတွင်းရှိ စာကြည့်တိုက်မြေနေရာ၊ ဘောင်ကြီးစနစ်နှမ်းစိုက်ခင်း၊ ထိုင်းနှံကောက်မျိုး နွေစပါးစိုက်ခင်းများအား ကွင်းဆင်းကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်အတွင်းရှိ စာကြည့်တိုက်မြေနေရာ၊ ဘောင်ကြီးစနစ်နှမ်းစိုက်ခင်း၊ ထိုင်းနှံကောက်မျိုး နွေစပါးစိုက်ခင်းများအား ကွင်းဆင်းကြည့်ရှု

 






တပ်ကုန်း  ၊  မေ  ၃၀


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ဆရာစံရပ်ကွက်၊ နယ်မြေ (၇)တွင် နိုင်ငံတော်မတည်ငွေဖြင့် ရပ်ကွက်စာကြည့်တိုက် ဆောက်လုပ်မည့်မြေနေရာအား နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ နေပြည်တော် MSME ဒုတိယဥက္ကဋ္ဌ ဦးကျော်စိုးလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် တာဝန်ရှိသူများ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့သည်။


ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံ၍ စာကြည့်တိုက်ဆောက်လုပ်မည့်မြေနေရာအား ကြည့်ရှုစစ်ဆေးကာ တရားဝင်မြေဖြစ်စေရေး၊ စာကြည့်တိုက်အောင်မြင်ဖွံ့ဖြိုးလာရေး၊ စာကြည့်တိုက်အောင်မြင်ဖွံ့ဖြိုးလာလျှင် ပြည်သူများ ဘက်စုံအကျိုးရှိလာမည်ဖြစ်ကြောင်း ရှင်းလင်းမှာကြားခဲ့ပြီးနောက် အနော်ရထာရပ်ကွက်အတွင်းရှိ “အားမာန်သစ်”ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်သို့ ရောက်ရှိ၍ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့် စာကြည့်တိုက်မှူးတို့အား တွေ့ဆုံ၍ စာကြည့်တိုက်တွင် ကျောင်းသား၊ ကျောင်းသူများအတွက် စာပေဗဟုသုတရရှိမည့် စာအုပ်များထားရှိရေး၊ အလွှာပေါင်းစုံအရွယ်အလိုက် အထောက်အကူဖြစ်စေမည့် စာအုပ်များကဏ္ဍအလိုက်ထားရှိရေး၊ စာအုပ်များ အသစ်တိုးပွားလာရေး၊ စာဖတ်၊ စာငှားသူများတိုးပွားလာရေး ရှင်းလင်းမှာကြားပြီး၊ ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက် စာအုပ်များ ငှားရမ်းလည်ပတ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် စာကြည့်တိုက်မှူး ဦးအောင်မြင့်စိုးအား စာအုပ်များ ပေးအပ်လှူဒါန်းခဲ့သည်။


ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများက အင်ဘက်ကုန်းကျေးရွာ၊ စနစ်တကျလယ်မြေအတွင်း ဘောင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးထားသော နွေနှမ်း ၁၁၂ ဧက စိုက်ကွင်းသို့ ရောက်ရှိ၍ နှမ်းစိုက်တောင်သူများနှင့်တွေ့ဆုံကာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းညွန့်က ရေရရှိရေးနည်းလမ်းအလိုက် နွေ၊ မိုးကြို သီးနှံစိုက်ပျိုးထားရှိမှုအခြေအနေ၊ နွေစပါး၊ နွေနှမ်းစိုက်ပျိုးမှုအခြေအနေများ၊ ချည်မျှင်ရှည်ဝါနှင့် မိုးစပါးစိုက်ပျိုးအခြေအနေများ ရှင်းလင်းတင်ပြပြီးနောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက တောင်သူများ နွေစပါး၊ မိုးစပါးများ ကြဲပက်စနစ်ပပျောက်ရေး ရှင်းလင်းမှာကြားခဲ့သည်။ 


ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများက တရော်ပင်အင်းကျေးရွာ၊ ထိုင်းနှံကောက် နွေစပါးစိုက်တောင်သူများနှင့်တွေ့ဆုံ၍ မိုးစပါး၊ နွေစပါးစိုက်ပျိုးချိန် မျိုး၊ ရေ၊ မြေ၊ နည်းလမ်းများမှန်ကန်ရေး၊ နှစ်သီးစားစနစ်မှ သုံးသီးစားစိုက်ပျိုးနိုင်ရေးနှင့် SEEDER စနစ်ဖြင့် စိုက်ပျိုးရန် ရှင်းလင်းမှာကြားပြီး ငါးမွေးတောင်သူများကိုလည်း ငါးသားပေါက်များကို အခမဲ့ရရှိအောင် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


တင်စိုးလွင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)