ကျိုက်ထိုမြို့နယ်တွင် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်တွင် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေး



ကျိုက်ထို၊ မေ ၂၉

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၄ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို ယမန်နေ့ နံနက် ၁၀ နာရီတွင် ကျိုက်ထိုမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် စတင်ထုတ်ချေး‌ပေးခဲ့ကြောင်း သိရသည်။

ချေးငွေထုတ်ချေးရာတွင် ကျိုက်ထိုမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမန်‌နေဂျာ ဦးသန်းထွန်းက ယခုနှစ်တွင် ထုတ်ချေးပေးသည့် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများအား သတ်မှတ်ထားသည့် ကာလတွင် အပြေအကျေပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်အတွက် ပေးဆပ်ရန်ကျန်ရှိသော တောင်သူများအနေဖြင့်လည်း အမြန်ဆုံးပေးဆပ်ကြရန်လိုကြောင်းနှင့် ချေးငွေစည်းကမ်းချက်များအ‌ကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် ကျိုက်ထိုမြို့နယ်၌ ၂၀၂၃ ခုနှစ်တွင် အပြေအကြေပေးဆပ်ပြီး တောင်သူများအား တစ်ဧကလျှင် ငွေကျပ်တစ်သိန်းခွဲနှုန်းဖြင့် (၁၀) ဧကအတွက် ငွေကျပ် (၁၅၀၀.၀၀၀) သိန်းကို‌ ထုတ်ချေးပေးမှာဖြစ်ပြီး ယနေ့တွင် ကျိုက်ထိုမြို့နယ် ကွင်းကလေးကျေးရွာအုပ်စုမှ တောင်သူ (၉) ဦးအား စိုက်ပျိုးမြေဧက(၄၅) ဧကအတွက် ငွေကျပ်(၆၇.၅၀)သိန်းအား လက်ဝယ်အရောက်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် မိုးရာသီစိုက်ပျိုးစရိတ်ထုတ်ချေးရန် ဧကပေါင်း(၇၃၃၄)ဧကအတွက် ငွေကျပ်(၁၁၀၀၁.၀၀)သိန်းကို ထုတ်ချေးပေးရန်လျာထားကြောင်း မြို့နယ်မြန်မာ့လယ်ယာဘဏ်ခွဲမှ သိရသည်။


ဝင်းမောင်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)