တွံတေးမြို့နယ်၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တွံတေးမြို့နယ်၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပ



တွံတေး၊ မေ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ပိတ်စွယ်ကျေးရွာအုပ်စု ပိတ်စွယ်ကျေးရွာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက သဘာဝဘေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ပိတ်စွယ်ကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်းခန်းမ၌ အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၂) ဦးဝင်းမြင့်က အဖွင့်အမှာစကားပြောကြားပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးHကံထူးနှင့် ဝန်ထမ်းများက သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးရာတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ လုပ်ငန်းတာဝန်များဖြစ်သော ဘေးသင့်ပြည်သူများအား လတ်တလောစားဝတ်နေရေးပြေလည်စေရန် ထောက်ပံ့ခြင်း၊ မြစ်နှင့်ပင်လယ်အတွင်း သဘာဝဘေးကြုံတွေ့မှုကြောင့် ပြည်တွင်း၊ ပြည်ပ နယ်မြေရပ်ခြားသို့ ရောက်ရှိသွားသူများအား ထောက်ပံ့ခြင်း၊ လူကြောင့်ဖြစ်သော ဘေးအန္တရာယ်များကြောင့် ထွက်ပြေးတိမ်းရှောင်သူများအား ထောက်ပံ့ခြင်း၊ ငတ်မွတ်ဘေးကျရောက်နေသူများအား ထောက်ပံ့ခြင်း၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခြင်း၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းများ၊ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း စသည့်လုပ်ငန်းတာဝန်များ၊ သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက ထိခိုက်ပျက်စီးဆုံးရှုံးမှုလျော့နည်းစေရန် သဘာဝဘေးနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန် အချက်များ ဆွေးနွေးပြောကြားပြီး သဘာဝဘေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးဝင်းမြင့်က ယနေ့ကျင်းပသော သဘာဝဘေးအသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက်လာသော တာဝန်ရှိသူများနှင့် ပိတ်စွယ်၊ ရန်ကုန်ပေါက်၊ ဘုရားငုတ္တို၊ ကံဘဲ့၊ ပျော်ဘွယ်လေးကျေးရွာများမှ ပြည်သူလူထုများအား ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကာ အဆိုပါဟောပြောဆွေးနွေးပွဲသို့ ကျေးရွာများမှ ပြည်သူလူထု(၂၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။


မျိုးလှိုင်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)