လေးမျက်နှာမြို့နယ် ယင်းဆယ်ကျေးရွာတွင် Solar Mini-Grid မီးလင်းရေး‌ဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လေးမျက်နှာမြို့နယ် ယင်းဆယ်ကျေးရွာတွင် Solar Mini-Grid မီးလင်းရေး‌ဖွင့်ပွဲကျင်းပ




လေးမျက်နှာ၊ မေ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ယင်းဆယ်ကျေးရွာတွင် Solar Mini-Grid မီးလင်းရေး‌ဖွင့်ပွဲကို ယမန်နေ့ နံနက် ၈ နာရီအချိန်က ကျင်းပခဲ့သည်။

အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးတို့မှ Solar Mini-Grid ကျေးလက်မီးလင်းရေးလုပ်ငန်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့သည်။ ဒုတိယပိုင်း အစီအစဉ်အနေဖြင့် ကမ္ဗည်းမော်ကွန်းကြေးပြားအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှ စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် ကြွရောက်လာသော ဧည့်သည်တော်များက ကမ္ဗည်းမော်ကွန်းကြေးပြားအား  အမွှေးနံ့သာရည်များ ပတ်ဖျန်း‌‌ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများမှ Solar Mini-Grid မီးလင်းရေး‌ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ယင်းဆယ်ကျေးရွာမှ လုပ်သားပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)