ဘုတ်ပြင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘုတ်ပြင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံ





ဘုတ်ပြင်း  ၊  မေ   ၂၅


တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာ KG တန်းမှ Grade-12  ကျောင်းသား၊ ကျောင်းသူများအား  အခြေခံပညာကျောင်းအသီးသီးတွင် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ(၂၃)ရက်နေမှ စတင်ကာ ကျောင်းအပ်လက်ခံခြင်းကို ဆောင်ရွက်ပေးလျက်ရှိကာ မိဘအုပ်ထိန်းသူများ၊ ကျောင်းသား၊ ကျောင်းသူများ လာရောက်၍ အပ်နှံ လျက်ရှိကြောင်း သိရသည်။


ဘုတ်ပြင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ကျောင်းများ၊ ပုဂ္ဂလိက ကျောင်း အသီးသီးတို့တွင် ကျောင်းအပ်နှံရေးကာလ မေလ(၁၃)ရက်နေ့မှ ဇွန်လ(၂)ရက်အထိ ကျောင်းအပ်လက်ခံခြင်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ KG မှ Grade-5 အထိ မူလတန်း ကျောင်းသား၊ ကျောင်းသူများကို ကျောင်းဝတ်စုံ(၁)စုံ၊ ဗလာစာအုပ်နှင့်ကျောင်းသုံးပုံနှိပ်စာအုပ်၊ Geade-6 မှ Grade-12  အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူများကို ဗလာ စာအုပ်နှင့် ကျောင်းသုံးပုံနှိပ်စာအုပ်တို့ကို အခမဲ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။


ဘုတ်ပြင်းမြို့နယ်အနေဖြင့် အထက်တန်းကျောင်း (၈)ကျောင်း၊ အထက်တန်းကျောင်းခွ(၄)ကျောင်း၊ အလယ်တန်းကျောင်း(၆)ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၁၀)ကျောင်း၊ မူလတန်းလွန်ကျောင်း           (၁၇)ကျောင်း၊ မူလတန်းကျောင်း(၃၁)ကျောင်း၊ မူလတန်းကျောင်းခွဲ(၃)ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၅)ကျောင်း၊ ပုဂ္ဂလိကမူလတန်းကျောင်း (၁)ကျောင်း၊ စုစုပေါင်း အခြေခံပညာ ကျောင်း (၈၅)ကျောင်းတွင် ကျောင်းအပ်နှံခြင်း လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပညာ ရေးမှူးရုံးမှ သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)