ပေါင်မြို့နယ်၌မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါင်မြို့နယ်၌မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ



ပေါင်    ၊  မေ     ၂၅

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကိုယနေ့နံနက်ပိုင်းက  အထက ပေါင်  ရွှေရတုခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထင်လင်းအောင် ကကျောင်းနေအရွယ် ကလေးတိုင်းကျောင်းနေနိုင်အောင်

ဆောင်ရွက်ကြရန်၊နှစ်ချို့ကလေးတွေလည်း ကျောင်းပြန်နေနိုင်ပါကြောင်း၊အမိကျောင်းတော်ကြီးက

ကျောင်းနေအရွယ်ကလေးတိုင်းကို  ကျောင်းနေဖို့အမြဲဖိတ်ခေါ်ပါကြောင်း အမှာစကားပြောကြားသည်။

ဆက်လက်၍  မြို့နယ်ပညာရေးမှုး ဒေါ်စန်းစန်းအေးက ကျောင်းနေအရွယ်ကလေးတိုင်း   ကျောင်းနေရန်အတွက်  နိုင်ငံတော်က ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ဘောပင်၊ခဲတံ စသည်များအပြင်မူလတန်းကလေးငယ်များအား ဝတ်စုံများကိုလည်းထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ၊တိုင်းရင်းသားတွေကိုလည်း ကျောင်းစာပေ အပြင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုများ ဆက်လက်သင်ကြားပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ပေါင်မြို့နယ်အတွင်းစာသင်ကျောင်း (၁၆၄)ကျောင်းရှိရာ

 မေလ(၂၃)ရက်နေ့မှစတင်၍ ကျောင်းအပ်လက်ခံနေပြီးဖြစ်ပါကြောင်း မေလ (၂၅)ရက်နေအထိ အထက်တန်း( ၁၈၉၂ )ဦး၊အလယ်တန်း( ၅၉၆၁ )ဦး၊မူလတန်း( ၂၄၅၈၄ )ဦး စုစုပေါင်းကျောင်းသား၊ကျောင်းသူ( ၃၂၄၃၇)ဦး ကျောင်းအပ်ပြီးစီးကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)