မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ရေကြောင်းလူငယ်အခြေခံနှင့်တန်းမြှင့်သင်တန်းအမှတ်စဉ် (၁/၂၀၂၄)သင်တန်းသား၊ သင်တန်းသူများ၊ နည်းပြနှင့်ကြီးကြပ်များအား ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ရေကြောင်းလူငယ်အခြေခံနှင့်တန်းမြှင့်သင်တန်းအမှတ်စဉ် (၁/၂၀၂၄)သင်တန်းသား၊ သင်တန်းသူများ၊ နည်းပြနှင့်ကြီးကြပ်များအား ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနား တက်ရောက်

 





မော်လမြိုင်   ၊  မေ    ၂၄


ရေကြောင်းလူငယ်အခြေခံနှင့်တန်းမြှင့်သင်တန်းအမှတ်စဉ် (၁/၂၀၂၄)သင်တန်းသား၊ သင်တန်းသူများ၊ နည်းပြနှင့်ကြီးကြပ်များအား ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့ မောရဝတီရေတပ်စခန်းဌာနချုပ်၊ အမှတ်(၄၆)စစ်ရေယာဉ်စု အကူရေယာဉ်အုပ်(မော်လမြိုင်သင်တန်းစခန်း)၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်၀န်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ  တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မောင်တို့မယ်တို့သည် မွန်ပြည်နယ်အတွက် ဂုဏ်ယူစရာကောင်းသည့်သူများဖြစ်ပြီး နိုင်ငံတော်အကြီးအကဲများစီစဉ်ပေးသည့် သင်တန်းကိုလည်းတက်ရောက်ခဲ့ပြီး နိုင်ငံတော်အတွက် အားထားရသည့် မျိုးဆက်သစ်လူငယ်များဖြစ်ကြောင်း၊ ဒေသန္တရဗဟုသုတတွေလည်း ရရှိခဲ့ကြပြီး မိမိတို့လေ့လာတွေ့ရှိခဲ့သမျှကိုလည်း သူငယ်ချင်း၊ ကျောင်းသား၊ ကျောင်းသူများကို ပြန်လည်မျှဝေစေလိုကြောင်း၊ မွန်ပြည်နယ်မှ ရေကြောင်းလူငယ်(၇ဝ)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ၂ဝ၂၄ ခုနှစ်၊ ဧပြီလ(၂၂)ရက်နေ့မှ မေလ(၂၄)ရက်နေ့အထိဖြစ်ပြီး မွန်ပြည်နယ်ရေကြောင်းလူငယ်သင်တန်းသားများမှ တန်းမြင့်အချက်ပြ ဆက်သွယ်ရေးဘာသာရပ်ပြိုင်ပွဲ တတိယဆုနှင့် တန်းမြင့်ရေတပ်သားဘာသာရပ်ပြိုင်ပွဲတို့တွင် ဆုများရရှိခဲ့သည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ ယခုနှစ်တွင် ရေကြောင်း လူငယ်စခန်း(၁၀)ခုဖွင့်လှစ်ခဲ့ပြီး ရေကြောင်းလူငယ်သင်တန်းစခန်းအသီးသီးမှ သင်တန်းသား၊ သင်တန်းသူ(၈၁၈)ဦး တက်ရောက်အောင်မြင်ခဲ့ကြပြီး ရန်ကုန်မြို့၌ ရေကြောင်းလူငယ်စခန်း(၁၀)ခုလုံးမှ သင်တန်းသား၊ သင်တန်းသူများအား ခေါ်ယူ၍ စုပေါင်းတွေ့ဆုံပွဲပြုလုပ်ပြီး စွမ်းရည်ပြိုင်ပွဲများပြုလုပ်ခြင်း၊ လှေလှော်ရွက်တိုက်ပြိုင်ပွဲများ ပြုလုပ်ခြင်း၊ ရန်ကုန်မြစ်အတွင်း စစ်ရေယာဉ်ဖြင့် လေ့လာခြင်း၊ လေကြောင်းဆိုင်ရာပျံသန်းမှုများလေ့လာခြင်းနှင့် နယူးကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာတို့ကို သွားရောက်လေ့လာခဲ့သည့်အတွက် အတွေ့အကြုံကောင်းများရရှိမည်ဟု မျှော်လင့်မိပါကြောင်း၊ နောင်တစ်ချိန်တွင် တိုင်းပြည်၏တာဝန်များကို ကျရာအခန်းကဏ္ဍကနေပါဝင်တာဝန်ယူကြမည့် မောင်တို့မယ်တို့ဟာ ကိုယ်ကျင့်တရားကောင်းမွန်ခြင်း၊ ကိုယ်ရည်ကိုယ်သွေးမြင့်မားခြင်း၊ ထိုးထွင်းဉာဏ်ထက်မြက်ခြင်း၊ ဇွဲလုံ့လဝီရိယရှိခြင်း၊ စည်းကမ်းကောင်းမွန်ခြင်းဆိုသည့်အချက်များနှင့်ပြည့်စုံအောင် နေထိုင်သွားကြပြီး နိုင်ငံတော်ကအားထားရသည့် ရေကြောင်းဆိုင်ရာပညာရှင်များ၊ မြန်မာ့ပင်လယ်၏ အခွင့်အလမ်းများကို နိုင်ငံတော်အကျိုးစီးပွားအတွက် ထိရောက်စွာ စွမ်းဆောင်ပေးနိုင်သော နိုင်ငံ့သားကောင်းများဖြစ်အောင် ကြိုးစားသွားကြ​စေလိုကြောင်း ပြောကြားသည်။

ထို့နောက် ရေတပ်ဘာသာရပ်(တတိယဆု)နှင့် ရေတပ်အချက်ပြဆက်သွယ်ရေးဘာသာရပ်(တတိယဆု)ရရှိခဲ့သော မွန်ပြည်နယ်ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြှင့်သင်တန်းအမှတ်စဉ်(၁/၂၀၂၄) သင်တန်းသား၊ သင်တန်းသူများအားလည်းကောင်း၊ သင်တန်းနည်းပြနှင့် ကြီးကြပ်များအားလည်းကောင်း ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့ပြီး  ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြှင့်သင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက အတွေ့အကြုံများအား ရှင်းလင်းပြောကြားခဲ့ကာ သင်တန်းသား၊ သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။

ဆက်လက်၍ ရေတပ်ဘာသာရပ်(တတိယဆု)နှင့် ရေတပ်အချက်ပြဆက်သွယ်ရေးဘာသာရပ် (တတိယဆု)ရရှိခဲ့သော မွန်ပြည်နယ်ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြှင့်သင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းသား၊ သင်တန်းသူများ၏ လက်တွေ့သရုပ်ပြသနေမှုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကြည့်ရှုအားပေးခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများနှင့်အတူ လက်ဖက်ရည်အတူတကွ သုံးဆောင်ခဲ့ကြကာ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။


စည်သူ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)