ပြည်ဖျက်မိစ္ဆာများက ပြည်သူ့စစ်မှုထမ်းဥပဒေကို ဆန့်ကျင်သော လှုပ်ရှားမှု ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ဖျက်မိစ္ဆာများက ပြည်သူ့စစ်မှုထမ်းဥပဒေကို ဆန့်ကျင်သော လှုပ်ရှားမှု ပြုလုပ်





ရန်ကုန်၊ မေ ၁၉

မဲလိမ်မဲခိုးမှုများကြောင့် အာဏာလက်မဲ့ဖြစ်ခဲ့ရပြီး CRPH, NUG အကြမ်းဖက်အဖွဲ့များကို ဦးဆောင်နေသူများက နီပိန်းများကို ငွေကြေးပေး၍ ခိုင်းစေပြီး ပြည်သူ့စစ်မှုထမ်းဥပဒေကို ဆန့်ကျင်သော လှုပ်ရှားမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ပြည်ဖျက်မိစ္ဆာများ၏ လက်ကမ်းကြော်ငြာများတွင် မတရားစစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြဟု လှုံ့ဆော်ရေးသားထားပြီး PDF ကဲ့သို့ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို ရက်စက်စွာသတ်ဖြတ်၊ လမ်းတံတားများကို ဖောက်ခွဲဖျက်ဆီး၊ စာသင်ကျောင်းများနှင့် ရုံးအဆောက်အဦများကို ဖျက်ဆီးနေသည့် အကြမ်းဖက်အဖွဲ့အတွင်းသို့ ဝင်ရောက်ရန် ၎င်းတို့၏ လက်ကမ်းကြော်ငြာများတွင် လှုံ့ဆော်ထားသည်ကို တွေ့ရသည်။

ပြည်သူ့စစ်မှုထမ်း ဥပဒေထွက်ပေါ်လာပြီးနောက် ပြည်ပြေး ဝရမ်းပြေး အကြမ်းဖက်လှုံ့ဆော်သူ မင်းကိုနိုင် က ဦးဆောင်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြောင်း လက်မှတ်ကောက်ခံ လှုပ်ရှားမှု ပြုလုပ်ခဲ့ရာ လက်မှတ် ၂၀၀၀၀ ဝန်းကျင်သာ ရပြီး ရပ်တန့်သွားခဲ့သည်။

ယခုအခါ အများပြည်သူကြားတွင် နီပိန်းများက ပြည်သူ့စစ်မှုထမ်းဥပဒေကို ဆန့်ကျင်သော လှုပ်ရှားမှုများ ပြန်လည်လုပ်ဆောင်ရန် ပြည်ဖျက်မီဒီယာများမှ လှုံ့ဆော်လျက်ရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)