နိုင်ငံခြားသားများ၏ သြဇာခံ NUG ဖြစ်ကြောင်း ဝန်ခံလိုက်ပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံခြားသားများ၏ သြဇာခံ NUG ဖြစ်ကြောင်း ဝန်ခံလိုက်ပြီ



NUG အကြမ်းဖက်အဖွဲ့ရဲ့ ဝါဒဖြန့် စာမျက်နှာတစ်ခုဖြစ်တဲ့ People's Spring မှာ နွေဦးအကြမ်းဖက်လှုပ်ရှားမှုမှာ နိုင်ငံခြားသာများ ပါဝင်နေမှုကို အတိအလင်း ဝန်ခံထားပါတယ်။ 

(Al Jazeera သတငျးဌာန၏ Western volunteers join the battle against Myanmar’s military regime ဆောငျးပါးကို ဘာသာပွနျဆိုပြီး ဖော်ပြထားရာမှာ အကြမ်းဖက်လှုပ်ရှားမှုများတွင် နိုင်ငံခြားသားများ ပါဝင်နေမှုကို စေတနာ့ဝန်ထမ်းတိုက်ခိုက်ရေးသမားလို့ သုံးနှုန်းဖော်ပြထားတာကို တွေ့ရပါတယ်။

စေတနာ့ဝန်ထမ်းတိုက်ခိုက်ရေးသမားလို့ အမည်ခံထားတဲ့ အကြမ်းဖက်သမားများထဲမှာ ဗြိတိန် စစ်သားဟောင်း တယောက်နဲ့ အမေရိကန် တိုက်ခိုက်ရေးသမား တစ်ဦးတို့ဟာ အရေအတွက် နည်းပါးပေမယ့် တစထက်တစ ကြီးထွားလာနေတဲ့ မြန်မာရောက် နိုင်ငံခြားသား အကြမ်းဖက်သမား အစုအဖွဲ့ထဲမှာ ပါဝင်နေပါတယ်။ သူတို့ဟာ PDF, KNDF အကြမ်းဖက်အဖွဲ့တွေနဲ့အတူ လက်တွဲရင်း တပ်မတော်ကို တော်လှန်တယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အလုံးစုံပျက်သုဉ်းရေးကို လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

Al Jazeera သတငျးဌာန ရဲ့ ဖော်ပြချက်မှာ ဗြိတိန်(အင်္ဂလန်)က အကြမ်းဖက်သမားနဲ့ ပတ်သက်လို့ -

(ဂျေဆန်ဟာ ၂၀၀၉ ခုနှစ်ကစလို့ ဗြိတိန်ရဲ့ ခြေလျင်တပ်ရင်း တစ်ခုမှာ အမှုထမ်းခဲ့ဖူးပါတယ်။ သူ့ရဲ့ စစ်မှုထမ်း ကာလအတွင်း အာဖဂန် နစ္စတန်မှာ ၇ လလောက် တပ်ဖြန့်ခဲ့ရဖူးပါတယ်။ သူဟာ ရှေ့တန်း စစ်မြေပြင်မှာ သီတင်း ၈ ပတ်လောက် ပါဝင်တိုက်ခိုက်ခဲ့ဖူးတဲ့နောက် ဧပြီနှောင်းပိုင်းမှာ မြန်မာနိုင်ငံ အရှေ့ပိုင်းကို ပြန်ရောက်လာတယ်လို့ ပြောပြပါတယ်။ ဂျေဆန် ဆိုတာက သူ့နာမည် အရင်းတော့ မဟုတ်ပါဘူး။ လုံခြုံရေးအရ သူ့နာမည်ကိုတော့ လျှို့ဝှက်ထားပါတယ်။) ဖော်ပြထားပါတယ်။

“အကြမ်းဖက်သမားတွေက သူတို့ယုံကြည်တဲ့ အရာအတွက် သေဖို့ စိတ်ပိုင်းဖြတ်ပြီးသား သူတွေဗျ”လို့ ဂျေဆန်က ပြောပြတယ်လို့ ဆိုပါတယ်။

“ကျွန်တော်စစ်တိုက်ခဲ့ဖူးတဲ့ တခြားနေရာတွေလိုမျိုးကြောက် နေတဲ့ မျက်လုံးတွေကို မြင်နေရတာမျိုး ဒီမှာတော့ မဟုတ်ဘူးဗျ။ တကယ် ရဲတဲ့လူတွေပဲ”လို့ ဂျေဆန်က ဆိုပါတယ်။ ဒါကဟာ ဘိန်းစား ပဒက်လေးတွေကို ရဲဆေးတင်ပေးလိုက်တဲ့ စကားလုံးပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ၊ အထူးသဖြင့် နယ်စပ်ဒေသတွေမှာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေဟာ တပ်မတော်ကို တော်လှန်နေတယ်လို့ ဝါဒဖြန့်ပြီး ဘိန်းဖြူအပါအဝင် သယံဇာတတွေကို တရားမဝင်နည်းလမ်းများနဲ့ ခိုးထုတ်ပြီး နှစ်ပေါင်းများစွာ စီးပွားရှာခဲ့ကြပါတယ်။

CRPH, NUG အကြမ်းဖက်အဖွဲ့များရဲ့ လက်ပါးစေ PDF အကြမ်းဖက်အဖွဲ့များဟာ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကပါ CRPH, NUG တို့နဲ့ ပူးပေါင်းပြီး အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်လာကြခြင်းဖြစ်ပါတယ်။ အဓိက အနောက်အုပ်စုရဲ့ ပံ့ပိုးမှုနဲ့အတူ နိုင်ငံခြားသားများက အကြမ်းဖက်သင်တန်းများ ပို့ချပေးနေကြတာ ဖြစ်ပါတယ်။

နိုင်ငံခြားသား အကြမ်းဖက်သမားများရဲ့ ဦးဆောင်မှုနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ PDF အကြမ်းဖက်အဖွဲ့များဟာ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်းများစွာကို သတ်ဖြတ်၊ စာသင်ကျောင်းများကို ဖျက်ဆီး၊ ရွာသူရွာသားများကို လူသားဒိုင်းအဖြစ် အသုံးချတိုက်ခိုက်၊ ရွာများကို မီးရှို့ထွက်ပြေးတာတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ PDF အကြမ်းဖက်အဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်အမည်ခံ သောင်းကျန်းသူအဖွဲ့များဟာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ အပါအဝင် မြောက်များစွာသော စစ်ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်တွေကို ကျူးလွန်ခဲ့ကြပါတယ်။

ဆိုးသွမ်းယုတ်မာ ကောက်ကျစ်လွန်းလှတဲ့ ပြည်ပသြဇာခံ NLD အစွန်းရောက် အကြမ်းဖက်ဝါဒီများရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို အစိုးရအနေနဲ့ ယနေ့အချိန်အထိ ပြတ်ပြတ်သားသား ဆောင်ရွက်နိုင်တာမျိုး မရှိသေးပါဘူး။ PDF နဲ့ ပူးပေါင်းအဖွဲ့များရဲ့ ရက်စက်စွာ သတ်ဖြတ်မှုတွေကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း (၈၀၀၀)ကျော်အထိ သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။

Al Jazeera သတငျးဌာန ရဲ့ ဖော်ပြချက်မှာ ဗြိတိန်(အင်္ဂလန်)က အကြမ်းဖက်သမားနဲ့ ပတ်သက်လို့ ဖော်ပြထားတာက အဲဒီ ဗြိတိန် စစ်ပြန်ဟောင်းဟာ ရုရှား - ယူကရိန်းစစ်ပွဲမှာ ယူကရိန်းဖက်က ပါဝင် တိုက်ခိုက်ဖူးပြီး အဲဒီ အရှေ့ဥရောပ နိုင်ငံမှာ တစ်နှစ်ခွဲလောက် ဖြတ်သန်းခဲ့ဖူးတယ်လို့ ဆိုပါတယ်။


လက်ရှိမှာတော့ သူဟာ ဗြိတိန်၊ အမေရိကန်၊ ကနေဒါ၊ ဩစတြေးလျ နိုင်ငံတွေက စစ်ပြန် စစ်မှုထမ်းဟောင်း ၆ ယောက်ကနေ ၁၀ ယောက်လောက်ထိကို စုစည်းပြီး မြန်မာနိုင်ငံအတွင်းက အကြမ်းဖက်အဖွဲ့တွေနဲ့ ပြန်လည် လက်တွဲဆောင်ရွက်နိုင်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

 

(PDF Zoland)က မေလ ၁၁ ရက်နေ့၊ လူမှုကွန်ရက်ပေါ် ဓာတ်ပုံတစ်ပုံ တင်ထားခဲ့ရာမှာ အမေရိကန် တောင်ပိုင်းနယ်သား အဇက်ဒ်နဲ့အတူ ဗြိတိန် အကြမ်းဖက် တိုက်ခိုက်ရေးသမား တစ်ဦးကိုပါ တွေ့ခဲ့ရပါတယ်။ ဗြိတိန်က ပုဂ္ဂိုလ်ကတော့ Al Jazeera ဆီ မှတ်ချက်တစ်ခုခုပေးဖို့ ငြင်းဆန်ခဲ့တယ်လို့ ဆိုပါတယ်။

အဇက်ဒ်က ဇိုလန်း PDF အကြမ်းဖက်အဖွဲ့ဝင်တွေကို စနိုက်ပါ လက်ဖြောင့်ရိုင်ဖယ် ပစ်ခတ်နည်းနဲ့ ခြေလျင်တပ်သားတွေအတွက် လိုအပ်တဲ့ လေ့ကျင့်မှုတွေ ထောက်ပံ့သင်ကြားပေးရုံသာ မကဘဲ ကင်းထောက်နဲ့ တခြားစစ်ရေး တာဝန်တွေကိုပါ တွဲယူထားတယ်လို့ ဆိုပါတယ်။

“ဒီမှာတော့ စစ်တပ်က မြို့တွေကနေ ဆုတ်ခွာနေရပြီ”လို့ တယ်လီဖုန်း အင်တာဗျူးမှာ ချင်းပြည်နယ်ရဲ့ လက်ရှိ အခြေအနေကို ရည်ညွှန်းပြီး သူက ပြောဆိုကြောင်း၊  “အခုဆိုရင် ကျေးလက်ဧရိယာတွေ အားလုံးလိုလို လွတ်မြောက်နယ်မြေ ဖြစ်လာပြီလို့ ပြောလို့ရကြောင်း၊ အကြမ်းဖက်လှုပ်ရှားမှု က နောက်ဆိုရင် လူထူထပ်တဲ့ မြို့တွေကိုပါ ထိန်းချုပ်လာနိုင်မယ်ဆိုတာ သံသယ မရှိပါဘူး”လို့ သူကပြောဆိုကြောင်း ဖော်ပြထားပါတယ်။ 

သူက အမေရိကန်က ကဖေးတစ်ခုမှာ အလုပ်လုပ်ရင်း အကြမ်းဖက်လှုပ်ရှားမှုမှာ ပါဝင်လာတာလို့ အဇက်ဒ်က ပြောပြပါတယ်။ သူ့ရဲ့ Generation Z ရဲဘော်ရဲဘက်တွေလိုပဲ အရင်က စစ်တပ်ထဲမှာ အမှုထမ်းခဲ့တာ မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီ Generation Z လူငယ်တွေကပဲ အကြမ်းဖက်လှုပ်ရှားမှုမှာ အဓိက လောင်စာရင်းမြစ်တွေထဲက တစ်ခု ဖြစ်လာပါတယ်။ သူတာဝန်ယူထားတဲ့ ယူနစ်မှာ အထက်အရာရှိ သူ့ထက် ၂ နှစ်လောက်ပဲကြီးပြီး တပ်ဖွဲ့ဝင် အများစုကလည်း အရင်က တက္ကသိုလ် ကျောင်းသားတွေကနေ အကြမ်းဖက်အဖွဲ့ထဲ ပါဝင်လာသူတွေ ဖြစ်တယ်လို့ အဇက်ဒ်က ပြောပြပါတယ်။


ချင်းပြည်နယ်ကို သူရောက်ရှိနေတာ သုံးလလောက် ရှိပါပြီ။ အကြမ်းဖက်လှုပ်ရှားမှုဟာ ကျေးလက်ကို အခြေပြုနေရာကနေ မြို့သိမ်းတိုက်ပွဲတွေ အဆင့်ထိ ဆင့်ကဲ တိုးတက်လာချိန်ကျရင် နောက်ထပ် နိုင်ငံခြားသား အကြမ်းဖက်သမားတွေ ထပ်မံ ရောက်ရှိလာဖို့ အဇက်ဒ်က မျှော်လင့်နေပါတယ်။

အကြမ်းဖက်အုပ်စုတွေက ထိန်းချုပ်နယ်မြေတွေ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ရရှိလာခြင်းကြောင့် မြန်မာနိုင်ငံရဲ့ နယ်စပ် အဝင်အထွက် လမ်းကြောင်းတွေက တဖြည်းဖြည်းချင်း ပိုလွယ်ကူလာနေသလို ထောက်ပံ့ပို့ဆောင်ရေးလည်း ပိုကောင်းမွန်လာနေကြောင်း၊ ဒီတော့ လူတွေပိုရောက်လာဖို့ မျှော်လင့်နိုင်တာက လက်တွေ့ကျကြောင်းလည်း သူက ရှင်းပြပါတယ်။

မြန်မာ့တော်လှန်ရေးဟာ စစ်ကောင်စီကို ဖြုတ်ချပြီး ဆိုရှယ်လစ်စနစ် အစားထိုး တည်ဆောက်ဖို့ နှိုးဆော်နေတာမျိုး မဟုတ်တော့ဘဲ ၂၁ ရာစု ပြည်သူ့ တော်လှန်ရေးအသွင် ရပ်တည်ချက် ပီပီပြင်ပြင် ရှိနေပြီလို့လည်း သူက ဆိုပါတယ်။

ဒီကလူတွေ အကြောင်းကို သိလာချိန်မှာ တော်တော်လေး အံ့ဩ လေးစားမိတယ်။ သူတို့လက်ထဲမှာ ဘာဆိုဘာမှ မရှိတဲ့ ဗလာဘဝကနေ စစ်တပ်ကို တွန်းလှန်နိုင်တဲ့  အကြမ်းဖက်အုပ်စု တစ်ခုအဖြစ် စုစည်းနိုင်ခဲ့ကြတာလေ။ သူတို့က အရမ်းရဲရင့်တယ်။ ရန်သူ့စခန်းတွေကို တက်ရှင်းတဲ့ စစ်ဆင်ရေးတွေကျရင် ကိုယ့်ကိုယ်ကိုယ်တောင် အလေးမထားဘဲ သည်းကြီးမည်းကြီး စွန့်စားကြတာ အံ့ဩစရာပဲ”လို့ အဇက်ဒ်က ဆက်ပြောတဲ့အကြောင်း Al Jazeera က ဖော်ပြထားပါတယ်။ ဒီအခြေအနေက ဘိန်းစား ပဒက်တွေရဲ့ လူမှန်းမသိဘဲ သေပွဲဝင်နေကြပုံကို ဖော်ညွှန်းပြောဆိုထားခြင်း ဖြစ်ပါတယ်။

Al Jazeera က Free Burma Rangers အကြမ်းဖက်အဖွဲ့နဲ့ ပတ်သက်လို့ ခရစ်ယာန် လူသားချင်း စာနာမှု အဖွဲ့အစည်းတစ်ခုအဖြစ် ဖော်ပြခဲ့တာကတော့ ခရစ်ယာန်များအားလုံးကို အကြမ်းဖက်ခေါင်းစဉ်အောက် စွဲသွင်းထားတာနဲ့ တူနေပါတယ်။

FBR အကြမ်ဖးက်အဖွဲ့ရဲ့ အဆက်အစပ်နဲ့ ကူညီထောက်ပံ့မှုတွေ ရတာကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။ FBR အကြမ်ဖးက်အဖွဲ့ကို တည်ထောင်သူဟာ အမေရိကန် အထူးတပ်ဖွဲ့ဝင် စစ်မှုထမ်းဟောင်း ယခု အကြမ်းဖက်အဖွဲ့ခေါင်းဆောင် ဒေးဗစ် အူဘန့်ခ် ဖြစ်ကြောင်း  Al Jazeera က ဖော်ပြခဲ့ပါတယ်။

Al Jazeera က ဖော်ပြထားတဲ့ ဆောင်းပါးကို NUG ရဲ့ ဝါဒဖြန့်စာမျက်နှာကနေ ဘာသာပြန်ဆို ဖော်ပြခဲ့ခြင်းဟာ သူတို့တွေသည် နိုင်ငံခြားသားများရဲ့ ဦးဆောင်မှုနောက်မှာ ကိုယ့်ပြည်သူအချင်းချင်း ရက်စက်စွာ သတ်ဖြတ်နေကြသူတွေ ဖြစ်ကြောင်း ဝန်ခံထားသလို ဖြစ်တာကိုတော့ ထည့်သွင်းမစဉ်းစားတဲ့ သဘောပါပဲ။ တော်လှန်ရေးလို့ ခေါင်းစဉ်တပ်ထားတဲ့ အကြမ်းဖက်လှုပ်ရှားမှုနောက်ကွယ်မှာ နိုင်ငံခြားသားများ ပါဝင်ခြယ်လှယ်နေတာကို သိသာထင်ရှားစွာ ဖော်ပြခဲ့တဲ့ အခြေအနေတစ်ရပ်ကို PDF အကြမ်းဖက်အဖွဲ့ဝင်များ သိကြပြီဆိုရင် နိုင်ငံခြားသားတွေရဲ့ အလိုကျ ကိုယ့်ပြည်သူအချင်းချင်း ရက်စက်စွာ သတ်ဖြတ်တဲ့ လုပ်ရပ်တွေ ဆက်လက်ကျူးလွန်နေကြမလား။ မိမိတို့တိုင်းပြည်တွင်းမှာ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လာရောက်လုပ်ဆောင်နေတဲ့ အမေရိကန်၊ ဗြိတိန် အစရှိသော နိုင်ငံခြားသား အကြမ်းဖက်ခေါင်းဆောင်တွေ ကို ရှင်းမလား စဉ်းစားကြဖို့ပါ။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)