ပုဗ္ဗသီရိမြို့နယ်တွင် ၂၀၂၄-၂၀၂၅ မိုးသီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး အသိပညာပေး ဟောပြောပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပုဗ္ဗသီရိမြို့နယ်တွင် ၂၀၂၄-၂၀၂၅ မိုးသီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး အသိပညာပေး ဟောပြောပွဲကျင်းပ


ပုဗ္ဗသီရိ  ၊  မေ  ၂၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ၂၀၂၄-၂၀၂၅ မိုးသီးနှံစိုက်ပျိုး ထုတ်လုပ်မှုတိုးတက်မြင့်မားရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့က ပုဗ္ဗသီရိမြို့နယ်၊ ဖြုတ်ခွဲကျေးရွာ အမှတ် (၁၅) အခြေခံပညာအထက်ကျောင်း၌ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ၂၀၂၄-၂၀၂၅ မိုးသီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ဝင်များဖြစ်သော မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထက်အောင်ကျော်၊ မြို့နယ်မြေစာရင်း ဦးစီးမှူး ဦးမျိုးထွန်းနှင့် မြို့နယ်ဆည်မြောင်းဦးစီးဌာနမှ ဆင်သေလက်ယာမြောင်း တာဝန်ခံ ဦးအောင်နိုင်ဦးတို့က အသိပညာပေးဟောပြောရာတွင် မိုးသီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေး၊ မိုးစပါးရာသီတွင် မိုးစပါးစိုက်ခြင်းအားလုံး ကြဲခြင်းစနစ် ပပျောက်ပြီး အတန်းလိုက်စနစ် ဖြစ်ပေါ်စေရေးအတွက် တောင်သူပညာပေးဆွေးနွေးခဲ့ကြပြီး၊ မိုးသီးနှံစိုက်ပျိုးမှုအတွက် မျိုးလိုအပ်ချက် စာရင်းပြုစု၍ တောင်သူများ မျိုးကောင်းမျိုးသန့်ရရှိစေရေး ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်းကို တောင်သူများနှင့် အပြန်အလှန်ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် တောင်သူများမှ အစိုး Seeder များ ၀ယ်ယူရန် စာရင်းပေးကြကာ အသိပညာပေး ဟောပြောပွဲသို့ ကျေးရွာခွဲများမှ တောင်သူ စုစုပေါင်း (၂၃၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)