ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ မစောတံတားကို KNLA/PDF အကြမ်းဖက်သမားများက ဖောက်ခွဲဖျက်ဆီးလိုက်သဖြင့် ခရီးသွားပြည်သူများ ရှောင်ကွင်းလမ်းမှ သွားလာနေရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ မစောတံတားကို KNLA/PDF အကြမ်းဖက်သမားများက ဖောက်ခွဲဖျက်ဆီးလိုက်သဖြင့် ခရီးသွားပြည်သူများ ရှောင်ကွင်းလမ်းမှ သွားလာနေရ


ဘီးလင်း၊ မေ ၂၃

အများပြည်သူအားထား အသုံးပြုလျက်ရှိသည့် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရန်ကုန်-မော်လမြိုင်သွား ပြည်ထောင်စုလမ်းမပေါ်ရှိ မိုင်တိုင်အမှတ်၊ ၁၂၉/၁ နှင့် ၁၂၉/၂ ကြား၊ တံတားအမှတ်(၁/၁၃၀)၊ အရှည် ၁၀၆ ပေ၊ အကျယ် ၂၄ ပေ၊ ခံနိုင်ဝန်တန် ၆၀ ရှိ သံကူကွန်ကရစ် အမျိုးအစား မစောတံတားကို ယနေ့နံနက် ၅ နာရီ ခန့်တွင် KNLA အဖွဲ့မှ အကြမ်းဖက်မှု လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်ပူးပေါင်းအဖွဲ့များက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် တံတားပြိုကျပျက်စီးမှု ဖြစ်ပွားခဲ့သည်။ 

မစောတံတားမှ ဖြတ်သန်းသွားလာ၍ မရသဖြင့် ခရီးသွားပြည်သူများ ရှောင်ကွင်းလမ်းမှ သွားလာနေကြကြောင်း သိရသည်။

မစောတံတားရှောင်ကွင်းလမ်းကို ရန်ကုန်ဘက်မှ မော်လမြိုင်သို့ လာမည့်သူများအနေဖြင့် ဒေါက်ရပ်ကျေးရွာမှ ဝင်ကာ ကျိုက္ကာလမ်းမှ ပြန်ထွက်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် မော်လမြိုင်မှ ရန်ကုန်သို့ သွားမည်သူများ အနေဖြင့် ကျိုက္ကာမှ ဝင်ရောက်ကာ ဒေါက်ရပ်ကျေးရွာဘက်မှ ပြန်ထွက်ရမည်ဖြစ်ကြောင်း သိရသည်။

KNLA အဖွဲ့မှ အကြမ်းဖက်မှု လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်ပူးပေါင်းအဖွဲ့များက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် တံတားပြိုကျပျက်စီးမှု ဖြစ်ပွားခဲ့ တံတားပေါ်တွင် ဖြတ်သန်းမောင်းနှင်နေသည့် မော်တော်ဆိုင်ကယ် ၃ စီး တံတားအောက်သို့ ပြုတ်ကျခဲ့ပြီး ခရီးသွားပြည်သူ ၁ ဦး သေဆုံး၍ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသူ ၂ ဦးအား ဘီးလင်းမြို့ ပြည်သူ့ဆေးရုံသို့ပို့ဆောင် ဆေးကုသမှုခဲ့ယူ စေလျက်ရှိကြောင်း သိရသည်။


Photo - YT

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)