မိုင်းခတ်မြို့၌ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းခတ်မြို့၌ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ


မိုင်းခတ်  ၊ မေ  ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူး၍ အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးကွဲများနေ့ အထိမ်းအမှတ် မိုးရာသီ(အကြို) သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက်၈ နာရီက မိုင်းခတ်မြို့နယ်၊ မိုင်းခတ်-မိုင်းယန်းသွားလမ်း ပန်နော်လောင်းကျေးရွာအနီးရှိ စိုက်ခင်း၌ ကျင်းပသည်။ 

ရှေးဦးစွာ စစ်ဗျူဟာအဖွဲ့ (အခြေချ) (မိုင်းခတ်) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်အေးထွန်း၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်စိုးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျိုင်းတုံမြို့နယ် သစ်‌တောဦးစီးဌာန ဦးစီးအရာရှိ ဦးနောဆာဝူ၊ မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ကျေးရွာတိုင်းရင်းသား ပြည်သူများ စုစုပေါင်းအင်အား (၁၀၀) ဦးခန့်က မဲဇလီ (၁၅၀) နှင့် မဂျန်ရှား (၁၅၀) ပျိုးပင်စုစုပေါင်း (၃၀၀) ပင်တို့ကို‌ စုပေါင်းစိုက်ပျိုးခဲ့ကြကာ မိုင်းခတ်မြို့နယ်တွင် ယခုနှစ် မိုးရာသီအတွင်း ပျိုးပင်ပေါင်း (၂၀၀၀၀)ကို ပြည်သူလူထုသို့ ဖြန့်ဝေစိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)