ဒလမြို့နယ်တွင် အစိုးရပါဋ္ဌိပထမပြန် စာမေးပွဲအောင် သံဃာတော်များအား အောင်လက်မှတ်နှင့် ဝတ္ထုငွေများ လှူဒါန်းခြင်း စူဠဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒလမြို့နယ်တွင် အစိုးရပါဋ္ဌိပထမပြန် စာမေးပွဲအောင် သံဃာတော်များအား အောင်လက်မှတ်နှင့် ဝတ္ထုငွေများ လှူဒါန်းခြင်း စူဠဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပ



ဒလ ၊  မေ  ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် အစိုးရပါဋ္ဌိ ပထမပြန် စာမေးပွဲအောင် သံဃာတော်များအား အောင်လက်မှတ်နှင့် ဝတ္ထုငွေများ လှူဒါန်းခြင်း စူဠဘွဲ့နှင်း သဘင် အခမ်းအနားကို ယမန့်နေ့က ကမာကဆစ်ရပ်ကွက်ရှိ အလယ်ကျောင်း ပရိယတ္တိစာသင်တိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တက်ရောက်လာသည့် ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိသတ်များက နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရား ကန်တော့၍ အခမ်းအနား ဖွင့်လှစ်ကြပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘုရားထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ဆက်လက်၍ ဆရာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များ ချီးမြှင့်ခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၃) ဦးအောင်သင်းကျော်က သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊မြို့နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မိခင်နှင့် ကလေးစောင့်လျှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အစိုးရပါဋ္ဌိ ပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်တော်မူကြသည့် သံဃာတော် (၅၇) ပါးအား အောင်လက်မှတ်နှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ပင့်သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြကာ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘုရားထံမှ အနုမောဒနာတရား နာယူကြည် ညို၍ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့ကြသည်။


မြင့်ဇော်

https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)