နေပြည်တော်၊ မေ ၂၈
ကချင်ပြည်နယ်၊ မံစီမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသော စစ်ကြောင်းအား KIA နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၆၀ ဦးခန့်က စတင်ပစ်ခတ်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရကြောင်း သိရသည်။
မံစီမြို့ကို တိုက်ခိုက်နေသော KIA နှင့် KPDF များ ထိခိုက်ကျဆုံးများပြားနေပြီး မံစီမြို့ဝန်းကျင်မှာ လက်နက်ကြီးများ၊ Drone များဖြင့်သာ တိုက်ခိုက်နေသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက မံစီမြို့ဝန်းကျင်များအား နယ်မြေရှင်းလင်းလျက်ရှိကြောင်း သိရှိရပါသည်။
ချင်းပြည်နယ်၊ တီးတိန်မြို့၊ မိုက်ခရိုဝေ့တွင် လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား အကြမ်းဖက်အင်အား ၅၀ ဦးခန့်က ၂ ကြိမ်လာရောက်ပစ်ခတ်သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်ရှင်းလင်းခဲ့ရပြီး တီးတိန်မြို့အား CNA နှင့် Zoland အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ အင်အားအလုံးအရင်းဖြင့်တိုက်ခိုက်လျက်ရှိသဖြင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
ယနေ့ မေလ ၂၈ ရက် မနက်ပိုင်းထိ လုံခြုံရေးတပ်ဖွဲ့ဝင်များက မြို့တွင်းရှိ အရေးကြီး ရုံးဌာနများအား ကာကွယ်စောင့်ရှောက်ထားနိုင်ပြီး အကြမ်းဖက်သမားများအား လေကြောင်းပစ်ကူရယူပြီး ရင်ဆိုင်ထိန်းချုပ်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် PDF အကြမ်းဖက်အင်အား ၅၀ ဦးခန့်ကလည်းကောင်း၊ အင်းဝိုင်းကျေးရွာအတွင်းသို့ အရောက် အကြမ်းဖက်အင် အား ၇၀ ဦးခန့်ကလည်းကောင်း လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ရှင်းလင်းရာ PDF ၁ လောင်း၊ အမ်အေ(၃) ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၁၂ တောင့် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ပဲခူးရိုးမဒေသအတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ် မြို့ချောင်းရွာအနီးဝန်းကျင်တွင် မသင်္ကာဖွယ် လူတစ်စုရောက်ရှိနေကြောင်း တာဝန်သိ ပြည်သူတစ်ဦး၏ သတင်းပေးချက်အရ လုံခြုံရေးတပ်ဖွဲဝင်များမှ သွားရောက်ရှင်းလင်းခဲ့ရာ အကြမ်းဖက်သမားများ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး မသင်္ကာဖွယ်လူတစ်စု နေထိုင်ခဲ့ရာ နေရာအား ဝင်ရောက်ရှင်းလင်းခဲ့ရာ တဲမျိုးစုံ ၁၅ လုံး၊ ဆန် ၆ အိတ်တိုအား တွေ့ရှိခဲ့ရပြီး လုံခြုံရေးတပ်ဖွဲဝင်များအနေဖြင့် ရန်သူထွက်ပြေးရာ လမ်းကြောင်းများအား လိုက်လံ ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment