တာမွေ ၊ မေ ၂၈
မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ ၊ အမှတ်(၆)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(ရန်ကုန်)တို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်း အချိန်က လူကုန်ကူးမှု တားဆီးကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကို ရန်ကုန်မြို့ တာမွေမြို့နယ် ကျိုက္ကဆံ လမ်းရှိ အဆိုပါ မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုရုံး မေတ္တာစံအိမ်ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
“ ဒီလူကုန်ကူးမှုနဲ့ ပက်သက်တဲ့ အကြောင်းက လူတိုင်းသိသင့်တယ်။ ဒီနေ့ကတော့ မေတ္တာစံအိမ်က သင်တန်း သားတွေအပြင် သူတို့နဲ့ ပက်သက်တဲ့ မိသားစုတွေ ၊ အပေါင်းအသင်းတွေကို လူကုန်ကူးမှု ဖြစ်ပေါ်လာတဲ့အကြောင်း ၊ ကမ္ဘာနှင့် မြန်မာနိုင်ငံမှာ ဖြစ်ပွားလျက်ရှိသော လူကုန်ကူးမှုအမျိုးအစားတွေ ၊ ဆိုးကျိုးတွေအကြောင်းအပြင် လူ ကုန်ကူးမှု တားဆီးကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေတဲ့အကြောင်းတွေကို ဗဟုသုတရစေချင်လို့ လာရောက် ဟောပြောပေးခဲ့တာဖြစ်ပါတယ် ” ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ၊ အမှတ်(၆) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(ရန်ကုန်)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုအနေဖြင့် မူးယစ်ဆေးဖြတ် သင်တန်းသား များအား ရုပ်ပိုင်း ၊ စိတ်ပိုင်းဆိုင်ရာများ ဖွံဖြိုးတိုးတက်မှုရရှိစေရန်အတွက် ရည်ရွယ်၍ အသိပညာရှင် ၊ အတတ်ပညာရှင် ၊ ဌာနဆိုင်ရာများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲများကို စဉ်ဆတ်မပြတ် ဆောင်ရွက်ပေးလျက်ရှိပြီး ယခုအခါ မေတ္တာစံအိမ်၌ မူးယစ်ဆေးဖြတ်ပြီး ပြန်လည်ထူထောင်မှုခံယူနေသည့် သင်တန်း သားများအနေဖြင့် လူကုန်ကူးမှုဆိုင်ရာ အသိအမြင် ၊ ဗဟုသုတများရရှိပြီး လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ် များတွင် ပူးပေါင်းပါဝင်လာစေရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် ဟောပြောပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရ သည်။
နိုင်လင်းအောင်
https://t.me/MyanmarNationalPost



No comments:
Post a Comment