ရွှေတောင် ၊ မေ ၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း ( Book Club) နှင့်ပူးပေါင်း၍ ဝတ္ထုတိုရေးနည်းနှင့် စာစီစာကုံးရေးနည်းသင်တန်းကို မေလ (၄)ရက်နေ့မှစ၍ ဖွင့်လှစ် ခဲ့သည်။
ရှေးဦးစွာ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) ဥက္ကဌ ဆရာမကြီး ဒေါ်ခင်ယုနိုင် အေပရယ်ယုနိုင်(ရွှေတောင်)က မှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရွှေတောင်မြို့နယ်ရုံးမှ ဦးစီးအရာရှိဒေါ်ငြိမ်းငြိမ်း သန့်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ မျိုးဆက်သစ်ကျောင်းသားကျောင်းသူ လူငယ်များ မြန်မာစာပေ၏ အရေးကြီးပုံနှင့် ပိုမိုချစ်မြတ်နိုး တန်ဖိုးထားတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုများ တိုးတက်လာစေရန်နှင့် အချိန်ကို အကျိုးရှိစွာ အသုံးပြုတတ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ဝတ္ထုတိုရေးနည်းသင်တန်းတွင် နည်းပြဆရာများအဖြစ် ဒေါ်ခင်ယုနိုင် အေပရယ်ယုနိုင် -ရွှေတောင်၊ ဦးကြည်ညွန့် (အောင်ပြည့်စုံ ) နှင့် ခိုင် လေး ( ရွှေတောင်)တို့က ဝတ္ထုတို၏ အင်္ဂါရပ်များ၊ဝတ္ထုတို ရေးနည်း၊ ရေးသားမည့်ပုံစံ၊စုတုပြု၊ လက်တွေ့ရေးသားနည်းများ သင်ကြားပို့ချခဲ့ပြီး စာစီစာကုံး ရေးနည်းသင်တန်းတွင်ဆရာကြီး ဦးဇော်မင်း (ဦးမင်း-ရွှေတောင်)နှင့် ဦးကြည်သိန်း (ရွှေမှော်မြေမောင်ကြည်သိန်း) တို့က စာစီစာကုံးရေးသားရာတွင် ပါဝင်ရမည့်အချက်များ၊ စာစီစာကုံး၏ အနက်အဓိပ္ပာယ်၊ စာစိစာကုံးရေးနည်း(၄)မျိုး၊
ဘာဝသရုပ်ဖော် (စိတ်ကူးယဉ်)အမျိုးအစား၊ဗဟုသုတဖြစ်ဖွယ် (ပညာပေး)အမျိုးအစား၊ သမိုင်းကြောင်းနောက်ခံအမျိုးအစားနှင့် စာစီစာကုံး အင်္ဂါ(၃)ရပ် စသည်များကို သင်ကြားပို့ချခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ (၂၀) ဦး အား သင်တန်းကာလ (၅)ရက်သင်ကြားပို့ချ ပေးခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment