ကြေးနီစီမံကိန်းမှ ထွက်ခွါလာသော ယာဉ်တန်းကို KIA/PDF အကြမ်းဖက်အဖွဲ့များက တိုက်ခိုက်မှု ယာဉ်အကူတစ်ဦး သေဆုံး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြေးနီစီမံကိန်းမှ ထွက်ခွါလာသော ယာဉ်တန်းကို KIA/PDF အကြမ်းဖက်အဖွဲ့များက တိုက်ခိုက်မှု ယာဉ်အကူတစ်ဦး သေဆုံး



မုံရွာ၊ မေ ၃

တရုတ်နိုင်ငံရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်နေသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ တရုတ်နိုင်ငံသို့ တင်ပို့မည့် ကြေးနီတန် ၅၇၀ တင်ဆောင်လာသည့် မော်တော်ယာဉ်တန်း အစီး ၂၀ ကို KIA အကြမ်းဖက်အဖွဲ့၏ စေခိုင်းချက်အရ နယ်မြေခံ PDF အကြမ်းဖက်သမားများက မုံရွာမြို့နယ်၊ ဂွေးပင်တော ကျေးရွာအနီးတွင် မေလ ၁ ရက်နေ့ မနက် ၁၀ နာရီခန့်မှာ လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။


KIA/PDF အကြမ်းဖက်အဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ၁၄ စီးမြောက်ယာဉ်မှ ယာဉ်အကူ ၁ ဦးသေဆုံးခဲ့ပြီး  ယာဉ်တန်းကြီးကြပ်သူ တရုတ်လူမျိုး ၁ ဦး၊ ယာဉ်မောင်း ၁ ဦး၊ စုစုပေါင်း ၂ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ဒဏ်ရာရလူနာများအား မြင်းမူပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသလျက်ရှိကြောင်း တိုက်ပွဲသတင်းစုံ သတင်းများထုတ်ပြန်ချက်အရ သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)