မြစ်ကြီးနား၊ မေ ၁၉
မြစ်ကြီးနားမြို၊ ပမ္မတီးရပ်ကွက် အများပြည်သူ နေအိမ်များသို့ ၁၈-၅-၂၀၂၄ ရက်နေ့ နံနက်ပိုင်းက KIA/PDF အကြမ်းဖက်သမားများက ရက်စက်ယုတ်မာစွာ ဦးတည်ပစ်ခတ်ခဲ့သဖြင့် အပြစ်မဲ့ဒေသခံ ပြည်သူ ၃ ဦး သေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့ကာ နေအိမ်အချိုပျက်စီးဆုံးရှုးခဲ့သည်။
သေဆုံးခဲ့ရသူများထဲတွင် ကျောင်းသားတစ်ဦး ပါဝင်ပြီး ထပ်မံရရှိသောသတင်းအရ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အပြစ်မဲ့ပြည်သူများအနက် ကိုယ်လက်အင်္ဂါများ ထိခိုက် ဆုံးရှုံးခဲ့သူများရှိခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်အတွင်းရှိ ဒေသခံ၊ မြိုခံပြည်သူအားလုံးအနေနဲ့ KIA/PDF အကြမ်းဖက်အဖွဲ့၏ ယခုကဲ့သိုရက်စက်ယုတ်မာသော ဖြစ်ရပ်ဆိုးများ ထပ်မံမကြုံတွေ့ရစေရန်အတွက် အကြမ်းဖက်လုပ်ရပ်များအပေါ် ပြင်းထန်စွာရှုတ်ချပြီး တာဝန်ရှိအဖွဲအစည်းများနှင့်ပူးပေါင်းကာ မိမိမြို့၊ ရပ်ကွက်၊ ကျေးရွာတို့ မပျက်စီးစေဖို့ အကြမ်းဖက်လုပ်ရပ်တွေကို ကာကွယ်တားဆီးကြဖို့ လိုအပ်လျက်ရှိသည်။
ယမန်နေ့က ထွက်ပေါ်လာသည့် ရုပ်သံတစ်ခုတွင် KIA/PDF အကြမ်းဖက်သမားများက ကချင်အမျိုးသားတစ်ဦးအား ရက်စက်စွာ ဝိုင်းဝန်းနှိပ်စက်နေကြသည်ကို မြင်တွေ့ရသည်။
Join - https://t.me/MyanmarNationalPost




No comments:
Post a Comment