ဒြပ်ပစ္စည်းသိပ္ပံသုတေသနဌာန (အေလာ) တွင် နိုင်ငံ့အကျိုးပြု သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒြပ်ပစ္စည်းသိပ္ပံသုတေသနဌာန (အေလာ) တွင် နိုင်ငံ့အကျိုးပြု သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ


နေပြည်တော်၊ မေ ၁၉

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့က ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ဒြပ်ပစ္စည်းသိပ္ပံသုတေသနဌာန (အေလာ) သို့ ရောက်ရှိပြီး ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက နိုင်ငံရေရှည်ဖွံ့ဖြိုးရေးအတွက် Electric Vehicle (EV) သုံး လီသီယမ်ဘက်ထရီဒြပ်ပေါင်းများ စမ်းသပ်ထုတ်လုပ်ခြင်း၊ စွန့်ပစ်ဘက်ထရီများ စီမံခန့်ခွဲခြင်းနှင့် လျှပ်စစ်စွန့်ပစ်ပစ္စည်း (E-Waste) များမှ အဖိုးတန်သတ္တုများ စမ်းသပ်ထုတ်လုပ် ခြင်းဆိုင်ရာသုတေသနများကို ထိရောက်စွာ ဆောင်ရွက်ရန်၊ ဓာတ်ခွဲခန်းများ စံအရည်အသွေးမြင့်မားရေးနှင့် ပြည်သူများအတွက် အမှန်တကယ်အလုပ် အကျွေးပြုနိုင်သည့် စွမ်းရည်မြင့်ဝန်ထမ်း ကောင်းများဖြစ်စေရေး အလေးထားဆောင်ရွက်သွားရန်၊ မျိုးဆက်သစ်သုတေ သီများ ပေါ်ထွန်းလာစေရေး စဉ်ဆက်မပြတ်ပျိုးထောင်ပေးသွားရန်၊ သုတေ သနရလဒ်နှင့်နည်းပညာများကို သက်ဆိုင်ရာဌာနများသို့ ဖြန့်ဝေလွှဲပြောင်းပေးနိုင် ရေးကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း တိုက်တွန်းမှာကြားပြီး ဝန်ထမ်း များ၏အခက်အခဲတင်ပြမှုများကို ဖြေရှင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများအား နည်းပညာ/ သုတ/ ရသစာအုပ်များနှင့် သုတေသနဂုဏ်ပြုဆုများ၊ ဝန်ထမ်းမိသားစုဝင် ကျောင်းသားများအတွက် ကျောင်းသုံးပစ္စည်းများကို ပေးအပ် ချီးမြှင့်သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် သတ္တုရိုင်းသန့်စင်ထုတ်လုပ်ရေးဌာနတွင် ရွှေတိဂုံစေတီတော်မြတ်ကြီးရှိ ကြာမှောက်ကြာလှန်ဧရိယာမှ ရွှေစင်ရွှေပြားများကို ပြန်လည်သန့်စင်၍ ရွှေစင်နှင့် ကြေးပြန်လည်ထုတ်ယူခြင်းနှင့် EV ဘက်ထရီတွင် ထည့်သွင်းအသုံးပြုနိုင်သော သတ္တုနှင့် ဒြပ်ပေါင်းများ ထုတ်လုပ်ခြင်းဆိုင်ရာ သုတေသနလုပ်ငန်းများနှင့် ရလဒ်များ၊ ဇလသတ္တုဗေဒဌာနတွင် လီသီယမ်အိုင်းယွန်းဖော့စဖိတ် စမ်းသပ်ထုတ် လုပ်ခြင်း၊ E-Waste များမှ နီကယ်၊ ဇင့်နှင့် သံဖြူတို့ ပြန်လည်ထုတ်ယူခြင်း၊ စွန့်ပစ် လီသီယမ်အိုင်းယွန်းဘက်ထရီများမှ လီသီယမ်ဒြပ်ပေါင်းနှင့် ကိုဘော့ဒြပ်ပေါင်းများ ထုတ်ယူခြင်း သုတေသနလုပ်ငန်းများနှင့် ရလဒ်များ၊ သံ၊ သံမဏိနှင့် သတ္တုစပ်ထုတ်လုပ်ရေးဌာနတွင် ဖယ်ရိုမဂ္ဂနိစ် (Ferro Manganese) သုတေသနလုပ်ငန်းဆောင်ရွက်နေမှုနှင့် ရလဒ်များ၊ အရည် အသွေးစစ်ဆေးရေးဌာနနှင့် အခြားဌာနများတွင် သုတေသနလုပ်ငန်းများနှင့် ရလဒ်များကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)