ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ပဲခူးမြို့၌ မေလ (၁) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် MSMEs ဈေးရောင်းပွဲတော် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ပဲခူးမြို့၌ မေလ (၁) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် MSMEs ဈေးရောင်းပွဲတော် ကျင်းပ




ပဲခူး  ၊ မေ  ၁


ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် မေလ(၁)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် MSMEs ဈေးရောင်းပွဲတော် ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ပဲခူးမြို့၊ အမှတ်(၃၃)လမ်း၌ ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးတင်ဦးနှင့် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးတင်ကိုကိုတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက MSMEs ဈေးရောင်းပွဲတော် ပြည်သူများနှင့်အတူ လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။


ပဲခူးတိုင်းဒေသကြီးအတွင်း MSMEs ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးနှင့် ထုတ်ကုန်များ ဈေးကွက်ရရှိရေးအတွက် တိုင်းဒေသကြီးအတွင်း ဈေးရောင်းပွဲတော်(၇)ကြိမ်၊ နေပြည်တော်တွင် (၂)ကြိမ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် (၁)ကြိမ်၊ ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် Style Fair 2024 တွင် (၁)ကြိမ် ပြသရောင်းချနိုင်ခဲ့ပြီး ယခုအကြိမ်တွင် MSMEs ဈေးဆိုင်ခန်း(၁၁၀)ခန်း၊ ဒေသထွက်ပစ္စည်းမျိုးစုံ (၁၀၀၀) ကျော်အား မူရင်းဈေးနှုန်းအတိုင်း ပြသရောင်းချလျက်ရှိပြီး ဈေးဝယ်ယူသူများ၊ လာရောက်လေ့လာသူများနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။


ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အဆိုပါ စျေးရောင်းပွဲတော်အား နိုင်ငံတော်၏ မူဝါဒများ၊ လမ်းညွှန်ချက်များနှင့်အညီ MSMEs ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပြည်တွင်း/ပြည်ပ ဈေးကွက်ရရှိရေးတို့အတွက် နိုင်ငံတော်၏ နေ့ထူးနေ့မြတ် အထိမ်းအမှတ် အခမ်းအနားများတွင် ဈေးရောင်းပွဲတော်များ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ပြီး MSMEs စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ခြင်းဖြင့် ပြည်တွင်းထုတ်လုပ်မှု မြင့်မားခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိခြင်း၊ သွင်းကုန်အစားထိုးကုန်ပစ္စည်းများ ပြည်တွင်းမှာပင် ထုတ်လုပ်နိုင်ခြင်းကြောင့် နိုင်ငံခြားငွေ အသုံးပြုမှုလျော့ချနိုင်မည့်အပြင် MSMEs ထုတ်ကုန်များ ပိုမိုဈေးကွက် ရရှိနိုင်ခြင်းနှင့် ကုန်ကြမ်းပစ္စည်းတင်ပို့မှုအစား တန်ဖိုးမြှင့်ထုတ်ကုန်များတင်ပို့လာနိုင်ခြင်း နှင့်အတူ ကုန်သွယ်မှု ဝင်ငွေတိုးတက်ရရှိလာနိုင်မှာဖြစ်ကာ တိုင်းဒေသကြီးအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် MSMEs လုပ်ငန်းများ စတင်ထူထောင်သူ လုပ်ငန်းရှင် (၂၁၄) ဦးအတွက် ငွေကျပ် (၂.၀၉၅) ဘီလီယံ ထုတ်ချေးပေးထားပြီး ဖြစ်သည်။ ထို့အပြင် ပြည်တွင်းဈေးရောင်းပွဲတော်များနှင့် ပြည်ပဈေးရောင်းပွဲတော်များတွင် ပဲခူးတိုင်းဒေသကြီး အတွင်းမှထွက်ရှိသည့် ဒေသထွက်ကုန်များသွားရောက် ပြသရောင်းချနိုင်ခဲ့မှုကြောင့် ကြိုက်နှစ်သက်သူများပြားခဲ့ပြီး ပြည်ပဈေးကွက်များရရှိခဲ့ကြောင်း သတင်းရသည်။


သက်ဖြိုးကြိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)