လှည်းကူး ၊ မေ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ မိုးစပါးရာသီတွင် တောင်သူများ စိုက်စနစ်မှန်ကန်စေရေးနှင့် အထွက်နှုန်းတိုးတက်ရေးအတွက် မျိုးစေ့ချကိရိယာ (Seeder) ဖြင့် စိုက်ပျိုးနည်းများအား နည်းပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က စခန်းကြီးကျေးရွာအုပ်စု၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းနောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မြေစာရင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြင့်ဆွေအေးက လယ်ယာမြေအကြောင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစန်းအောင်က စပါးမျိုးစေ့ချကိရိယာ (Seeder) ဖြင့် စိုက်ပျိုးရေးဆိုင်ရာနည်းပညာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် တောင်သူများမှ သိလိုသည်များအား မေးမြန်းဆွေးနွေး၍ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး အဆိုပါ နည်းပညာပေးဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းနောင် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တက်ရောက်ကြောင်း သိရ သည်။
အေးအေးနွဲ့
https://t.me/MyanmarNationalPost


No comments:
Post a Comment