တောင်ကုတ်မြို့၌ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့၌ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ






တောင်ကုတ်  ၊  မေ  ၂၅

တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊မြို့နယ်အဆင့်ကျောင်းအပ်နှံရေး နေ့အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အမှတ်(၁)၊အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပသည်။

ရှေ့ဦးစွာ အခမ်းအနားကို အမှတ်(၁)၊အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူ များက  မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးပြီးနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ  ဦးကျော်မြင့် လှိုင် နှင့် ခရိုင်ပညာရေးမှူး ဒေါ်တင်တင်ဦး တို့က အမှာစကားပြောကြားပြီးနောက် မြို့နယ်ပညာရေးမှူး ဦးကျော်ထွန်းအောင် က မြို့နယ်အဆင့်ကျောင်းအပ်နှံရေးအခမ်းအနားကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက် များကိုရှင်းလင်းတင်ပြသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင် နှင့်တာဝန်ရှိသူများက ဆင်းရဲနွမ်းပါး ကျောင်းသား၊ကျောင်းသူများသို့ ကျောင်းဝတ်စုံ ၊ စာရေးကိရိယာနှင့်ထီးများကိုပေးအပ်ခဲ့ပြီးနောက် အထက(၁)ကျောင်းသား၊ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့်သီဆို‌၍ အခမ်းအနားကိုပိတ်သိမ်းခဲ့ ကြသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုး နှင့်အဖွဲ့ဝင်များ ၊ ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ လူမှုရေးအသင်းအဖွဲ့များ ၊ ဆရာ ၊ ဆရာမများနှင့်ကျောင်းသား၊ကျောင်းသူများ ၊ မိဘများတက်ရောက်ခဲ့ကြ ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)