ဖြူးမြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသူများအား ဆေးကုသယာဉ်ဖြင့် ဆေးကုသမှုများဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖြူးမြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသူများအား ဆေးကုသယာဉ်ဖြင့် ဆေးကုသမှုများဆောင်ရွက်ပေး


ဖြူး ၊  မေ  ၂၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် လူမှုဖူလုံရေးအဖွဲ့ရုံး၏အစီအစဉ်ဖြင့် မြို့နယ်လူမှုဖူလုံရေးရုံး၌ အကျုံးဝင်မှတ်ပုံတင်ထားသူများအား ယနေ့နံနက်ပိုင်းကစတင်၍ ဆေးကုသယာဉ်ဖြင့် လူမှုဖူလုံရေးအဖွဲ့ရုံးတွင် ဆေးကုသမှုများဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ထိုသို့  ဆေးကုသယာဉ်ဖြင့် ဆေးကုသမှုများဆောင်ရွက်ပေးရာတွင် ဖြူးမြို့နယ် လူမှုဖူလုံရေးရုံးတွင်လည်းကောင်း၊ ဖြူးမြို့နယ်အတွင်း အာမခံအလုပ်သမားအများအပြားရှိရာ လုပ်ငန်းများတွင်လည်းကောင်း၊ ဖြူးမြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် အာမခံအလုပ်သမား (၄၄၆) ဦးအား နယ်လှည့်ဆေးကုသယာဉ်ဖြင့်  လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


 နေမျိုးလွင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)