SME နှစ်ဆင့်ချေးငွေစီမံကိန်း အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဘဏ်ချေးငွေရရှိရေးလုပ်ငန်းအဖွဲ့ (Working Committee) အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

SME နှစ်ဆင့်ချေးငွေစီမံကိန်း အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဘဏ်ချေးငွေရရှိရေးလုပ်ငန်းအဖွဲ့ (Working Committee) အစည်းအဝေးကျင်းပ


နေပြည်တော်၊ မေ ၂၄

SME နှစ်ဆင့်ချေးငွေစီမံကိန်း အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဘဏ်ချေးငွေ ရရှိရေးလုပ်ငန်းအဖွဲ့ (Working Committee) (၁/၂၀၂၄) အစည်းအဝေးကို ယမန်နေ့က စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၌ ကျင်းပသည်။

အစည်းအဝေးတွင် ဘဏ်ချေးငွေရရှိရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက JICA (ODA) SME နှစ်ဆင့်ချေးငွေ စီမံကိန်းအဆင့်-၁ ကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ စတင်ဆောင်ရွက်ခဲ့ပြီး စီမံကိန်းအဆင့်-၂ ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ စီမံကိန်းအဆင့် - ၁ တွင် ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်းများဖြစ်သော PFI ဘဏ်ခြောက်ဘဏ်မှ တစ်ဆင့် ၂၀၂၄ ခုနှစ် ဧပြီလကုန် အထိ SME လုပ်ငန်းရှင် ၆၁၆ ဦး သို့ ချေးငွေကျပ် ၁၄၂ ဒသမ ၀၃၈ ဘီလီယံထုတ်ချေးခဲ့ပြီးဖြစ်ကြောင်း၊ စီမံကိန်းအဆင့် - ၂ တွင် ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်းများဖြစ်သော PFI ဘဏ် ၁၁ ဘဏ်မှတစ်ဆင့် ၂၀၂၄ ခုနှစ် ဧပြီလကုန် အထိ SME လုပ်ငန်းရှင် ၁၈၆၉ ဦးသို့ ချေးငွေကျပ် ၃၆၈ ဒသမ ၃၆၉ ဘီလီယံ ထုတ်ချေးခဲ့ပြီးဖြစ်ကြောင်း။

Working Committee အဖွဲ့ ဝင်များအနေဖြင့် ယနေ့ဆွေးနွေး သည့် အချက်အလက်များအပေါ် မူတည်၍ နိုင်ငံတော်မှချမှတ်ထားသည့် မူဝါဒများနှင့် ညီညွတ်အကျုံးဝင်သည့် SME လုပ်ငန်းများထံသို့ အတိုးနှုန်းသက်သာသည့် နှစ်ဆင့်ချေးငွေများ ရောက်ရှိစေရေးနှင့် ထိရောက်စွာ သုံးစွဲနိုင်ရေးအတွက် ဆွေးနွေးပေးစေလိုကြောင်း၊ ယခုစီမံကိန်းသည် အောင်မြင်သည့် စီမံကိန်းတစ်ခု ဖြစ်သည့်အပြင် SME လုပ်ငန်းများအတွက်လည်း များစွာအကျိုးကျေးဇူး ဖြစ်ထွန်းပါကြောင်း၊ နိုင်ငံတော်မှ SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဦးတည်ဆောင်ရွက်နေချိန် ရည်ရွယ်ချက်နှင့် ကိုက်ညီသည့် စီမံကိန်းတစ်ခု လည်းဖြစ်ကြောင်း၊ ချေးငွေများကို ပြန်လည်ပေးဆပ်သည့်အချိန်တွင် အပြည့်အဝ ပြန်လည်ရရှိရန် လိုအပ်ကြောင်း၊ ချေးငွေအသစ်များကို ထုတ်ချေးရာတွင်လည်း သတ်မှတ်ထားသည့် စည်းမျဉ်း/ စည်းကမ်းများ၊ မူဝါဒများနှင့် ကိုက်ညီစေရန် စနစ်တကျ စိစစ်ထုတ်ချေးရန်လိုအပ်ကြောင်း။

မြန်မာ့စီးပွားရေးဘဏ် အပါအဝင် PFIs ဘဏ်များအနေဖြင့် နိုင်ငံတော်မှချမှတ်ထားသော မူဝါဒဖြစ်သည့် သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်မြှင့်တင်ရေးလုပ်ငန်းများ၊ ဒေသထွက်ကုန်ကြမ်းများကို အခြေခံသည့် MSME လုပ်ငန်းများကို ဦးစားပေးထုတ်ချေးနိုင် ရေးဆောင်ရွက်ရန်နှင့် ထုတ်ချေးပြီးသည့်ချေးငွေများ NPL မဖြစ် ပေါ်စေရေးအတွက် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ယင်းချေးငွေသည် အတိုးနှုန်းသက်သာသည့် ချေးငွေဖြစ်သည့်အပြင် နိုင်ငံတော်မှချမှတ်ထားသည့် ဦးစားပေးကဏ္ဍများနှင့် ကိုက်ညီမှုရှိသဖြင့် စဉ်ဆက်မပြတ်ထုတ်ချေးနိုင်ရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားသည်။

ထို့နောက် အစည်းအဝေးကို အစီအစဉ်အတိုင်းကျင်းပပြီး ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ကြသည်။

မြန်မာနိုင်ငံရှိ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံတော်အနေဖြင့် လိုအပ်သော ငွေကြေးထောက်ပံ့မှုများကို ကူညီပံ့ပိုးပေးနိုင်ရန် SME နှစ်ဆင့် ချေးငွေစီမံကိန်းအဆင့် - ၁ ကို ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ်မှ စတင်ဆောင်ရွက်ခဲ့ပြီး နှစ်ဆင့်ချေးငွေစီမံကိန်း အဆင့် - ၂ ကို ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် စတင်ကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)