ရွှေတောင်မြို့၌ ZEAL Pre School & ECCD Center မှ မူလတန်းကြိုအဆင့် သင်ယူပြီးမြောက်ခြင်း ကျောင်းဆင်းပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့၌ ZEAL Pre School & ECCD Center မှ မူလတန်းကြိုအဆင့် သင်ယူပြီးမြောက်ခြင်း ကျောင်းဆင်းပွဲ အခမ်းအနား ကျင်းပ

 




ရွှေတောင်      မေ- ၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့  ZEAL Pre School & ECCD Center မှ မူလတန်းကြိုအဆင့် သင်ယူပြီးမြောက်ခြင်း ကျောင်းဆင်းပွဲ အခမ်းအနား ကို ယမန်နေ့ နံနက် (၉)နာရီက ရွှေတောင်မြို့နယ်ခန်းမ၌ ကျင်းပခဲ့သည်။

     အခမ်းအနားတွင် မြို့နယ် လူမှုဝန်ထမ်းဦးစီး ဌာန၊ ဦးစီးမှူး ဒေါ်ခင်နှင်းနှင်းယုက မူလတန်းကြို ကျောင်းများ ဖွင့်လှစ်ခြင်းဖြင့်  မူလတန်းကြိုအရွယ်  ကလေးငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တ ၊ လူမှု ဆက်ဆံရေး၊ စိတ်ခံစားမှု ၊ အာဟာရနှင့် ကျန်းမာရေး ဆိုင်ရာ ဘက်စုံ ဖွံ့ဖြိုးတိုးတက်မှုများ ရရှိစေရေးအတွက် စနစ်တကျ ပြုစုပျိုးထောင်ပေးရန် စသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က ထပ်ဆင့် အမှာစကားပြောကြားခဲ့သည်။ဆက်လက်၍ ZEAL Pre School  Principal  ဒေါ်နွယ်နီကျော် က ကျောင်း၏ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

       ထို့နောက် ၂၀၂၂-ခုနှစ်နှင့် ၂၀၂၃-ခုနှစ် KG-ကျောင်းသားကျောင်းသူများအား KG ပြီးမြောက်ကြောင်း လက်မှတ်များကို  မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ခင်နှင်းနှင်းယုနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့် တို့ကအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်၍  မူကြိုကျောင်းသား/ ကျောင်းသူများအား မူကြိုပြီးမြောက်ကြောင်း လက်မှတ်များကို ၊ ZEAL Pre School   Principal  ဒေါ်နွယ်နီကျော်  ၊ Founder ဒေါ်ကြူကြူသန်း နှင့် တာဝန်ရှိသူများက  အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး ZEAL Pre School ကျောင်းသား/ ကျောင်းသူလေးများက  အက အလှများဖြင့် သီဆို ဖျော်ဖြေခဲ့ကြကြောင်း  သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)