အမ်းမြို့နယ်တွင် AA အကြမ်းဖက်သမား ၃လောင်း ရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်တွင် AA အကြမ်းဖက်သမား ၃လောင်း ရရှိ



နေပြည်တော်၊ ဇွန် ၁၂

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကဇူးကိုင်းကျေးရွာရှိ ပွိင့် ၂၉၉ စခန်းသို့ ယမန်နေ့က နေရာ ၄ နေရာမှ AA အကြမ်းဖက်သမား ၂၁၀ ဦးခန့်က လက်နက်ကြီး/ငယ်၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရာ AA အကြမ်းဖက်သမားများ ထိခိုက်ကျဆုံးများစွာဖြင့် အလောင်းနှင့် ဒဏ်ရာရသူများအား ဆွဲယူကာ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

ဖြစ်စဉ်အတွင်း AA အကြမ်းဖက်သမား ၃ လောင်း၊ အမ်(၂၂) ၄ လက်၊ စက်လက် ၁ လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ခါးရှီကျေးရွာသို  နယ်မြေရှင်းလင်းချီတက်စဉ် ၎င်းကျေးရွာ၏ တောင်ဘက် မီတာ ၁၀၀၀ ခန့်အကွာသို့အရောက် KIA နှင့် အကြမ်းဖက်ပူးပေါင်းအဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်နှိမ်နင်းခဲ့ရကြောင်း သိရသည်။

ကယားပြည်နယ်၊ လွိင်ကော်မြို့နယ်အတွင်း နယ်မြေရှင်းလင်းစဉ် ထီရိရွာအနောက်တောင်ဘက် မီတာ ၂၅၀ ခန့်အကွာသို့အရောက် KNPP/KNDF နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၂၀ ဦးခန့် က ပစ်ခတ်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်နှိမ်နင်းခဲ့ရကြောင်း၊ ဖားဆောင်းမြို့ စည်ပင်ရုံးအနီး လုံခြုံရေးဆောင်ရွက်နေစဉ် မသင်္ကာဖွယ် ဆိုင်ကယ် ၂ စီး၊ လူ ၃ ဦးအား တွေ့ရှိသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ အကြမ်းဖက်သမား အလောင်း ၁ လောင်း၊ အေကေ(၄၇)ကျည် ၁၈ တောင့်၊ ကျည်အိမ် ၁ ခု၊ မှန်ပြောင်း ၁ လက်တို သိမ်းဆည်းရမိခဲ့သည်။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကင်းကျေးရွာ စာသင်ကျောင်းအတွင်း လက်နက်ခဲယမ်းများသိမ်းဆည်း ထားကြောင်း တာဝန်သိ ပြည်သူတစ်ဦး၏ လျှိဝှက်သတင်းပေးချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေခဲ့ရာ လက်နက်မျိုးစုံ ၁၁ လက်၊ ကျည်မျိုးစုံ ၄၇ တောင့်၊ ၆၀ မမဗုံးသီး ၂ လုံး၊ လက်လုပ်ဗုံးသီး ၉ လုံး၊ လက်ပစ်ဗုံး ၁ လုံး၊ ကျည်အိမ် ၂ ခု၊ ဒီတိုနေတာ ၂၀ ချောင်း၊ လက်လုပ်မိုင်း ၁ လုံး၊ ယမ်းကြိုး ၂ ခွေ၊ ဝါယာကြိုး ၁ ခွေ တို့အား ဖော်ထုတ်သိမ်းဆည်း ရမိခဲ့သည်။ သတငးပေးသူအား တာဝန်ရှိသူများက ထိုက်ထိုက်တန်တန် လျှို့ဝှက်စွာ ဆုကြေးငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

တန့်ဆည်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် မြို့၏အနောက်မြောက်ဘက် မီတာ ၃၆၀၀ ခန့်အကွာသို့အရောက် PDF အကြမ်းဖက်သမား ၃၀ ဦးခန့်က လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ် နှိမ်နင်းခဲ့ရပြီး အကြမ်းဖက်သမားများ၏ လက်လုပ်စိန်ပြောင်း ၁ လက်၊ လက်လုပ်တစ်တောင့်ထိုး ၃ လက်၊ ၁၂ ဘိုးလ်ကျည် ၁၀ တောင့် သိမ်းဆည်းရမိခဲ့သည်။

စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ရှည်ကျေးရွာသို့ သွားရောက်ရှင်းလင်းစဉ် ရေသန့်စက်ဟောင်းအတွင်းမှ လက်လုပ်သေနတ် ၃ လက်၊ လက်လုပ်ကျည်အိမ် ၁ ခုတို့အား ဖော်ထုတ်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


(တိုက်ပွဲစုံသတင်းများ ထုတ်ပြန်ချက်)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)