နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးက တိုကျိုမြို့၊ မြန်မာသံရုံးမှတစ်ဆင့် လှူဒါန်းသည့် အလှူငွေ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးက တိုကျိုမြို့၊ မြန်မာသံရုံးမှတစ်ဆင့် လှူဒါန်းသည့် အလှူငွေ ပေးအပ်



နေပြည်တော်၊ ဇွန် ၁၂

ဂျပန်နိုင်ငံရှိ Asia-Pacific Ladies Friendship Society (ALFS) အဖွဲ့ကြီးမှ နှစ်စဉ် ကျင်းပပြုလုပ်သည့် Charity Bazaar မှ အမြတ်ငွေများအား သဘာဝဘေးဒဏ်ခံစားရသည့် ဒေသများသို့ လှူဒါန်းခြင်းနှင့် အဆိုပါဈေးရောင်းပွဲတွင် ပါဝင်ခဲ့သည့် သံရုံးများသို့ အချိုးကျခွဲဝေ ပေး၍ လိုအပ်သည့်နေရာဒေသများသို့ လှူဒါန်းရန်အတွက် ပေးအပ်လျက်ရှိရာတွင် တိုကျိုမြို့၊ မြန်မာသံရုံးအတွက် အချိုးကျခွဲဝေရရှိသည့် ယန်း ၆၉၅,၀၀၀/- နှင့် ညီမျှသော မြန်မာကျပ် သိန်းတစ်ရာ့ခုနစ်ဆယ်အနက်မှ ကျပ်သိန်းငါးဆယ်တိတိအား နေပြည်တော် အထွေထွေရောဂါကုဆေးရုံကြီး (ကုတင်-၁၀၀၀) သို့ ၁၂-၆-၂၀၂၄ ရက်၊ ၁၁:၀၀ နာရီတွင် လှူဒါန်းပေးအပ်ခဲ့သည်။

အလှူငွေပေးအပ်ပွဲအခမ်းအနားအား နေပြည်တော် အထွေထွေရောဂါကုဆေးရုံကြီး (ကုတင်-၁၀၀၀) တွင် ပြုလုပ်ခဲ့ပြီး၊ တိုကျိုမြို့၊ မြန်မာသံရုံးကိုယ်စား နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးက နေပြည်တော် အထွေထွေရောဂါကုဆေးရုံကြီး (ကုတင်-၁၀၀၀) ဆေးရုံအုပ်ကြီး ပါမောက္ခ ဒေါက်တာရဲမြင့်ထံသို့ ပေးအပ်လှူဒါန်းခဲ့သည်။

လှူဒါန်းရန်ကျန်ရှိငွေများအား အခြားသော ပရဟိတမိဘမဲ့ကျောင်းများသို့ ဆက်လက်လှူဒါန်း သွားမည်ဖြစ်ကြောင်း သိရသည်။

Join - https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)