တာချီလိတ်မြို့၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းဟောင်းများ တွေ့ဆုံပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာချီလိတ်မြို့၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းဟောင်းများ တွေ့ဆုံပွဲကျင်းပ



တာချီလိတ်၊ ဇွန် ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းဟောင်းများ အသင်းမှ ဝန်ထမ်းဟောင်းများ တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းကိုက အဖွင့်အမှာစကား ပြောကြားပြီး ဝန်ထမ်းဟောင်းအသင်းဥက္ကဋ္ဌ ဦးဘိုချိုက အစည်းအဝေးပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် ဝန်ထမ်းဟောင်းအသင်းမှ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ဝန်ထမ်းဟောင်းအသင်း အတွင်းရေးမှူး ဦးတင်မြင့်ဝင်းက ရသုံးငွေ ဘဏ္ဍာရေး ရှင်းတမ်းနှင့် လက်ရှိလုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် ဝန်ထမ်းဟောင်းများမှ အသင်း၏ လိုအပ်ချက်၊ အကြံပြုချက်များနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအား ဆွေးနွေးတင်ပြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကိုက ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းဟောင်းများအသင်းအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းကိုက ငွေကျပ် (၁၁) သိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်ဦးကျော်က လစဉ်ချီးမြှင့်ငွေကျပ် ၁ သိန်း၊ ဦးထွန်းနေဦး ဟိုတယ်(တာချီလိတ်)မှ ငွေကျပ် ၂၅ သိန်း အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းဟောင်းများအသင်းကို ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ အသိအမှတ်ပြုချက်ဖြင့် (၂၀၁၈) ခုနှစ်၊ ဇွန်လ (၁၇) ရက်နေ့မှ စတင်ဖွဲ့စည်းခဲ့ပြီး ယနေ့အထိ ဝန်ထမ်းဟောင်း (၂၅) ဦးရှိကြောင်း သိရသည်။


ကျော်ဇေယျာလင်း

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)